စစ်ကောင်စီရောင်းမယ့် အစိုးရငွေတိုက်စာချုပ် မဝယ်ဖို့ CRPH တိုက်တွန်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) (ဓာတ်ပုံ - Committee Representing Pyidaungsu Hluttaw - CRPH's Facebook)

စစ်ကောင်စီက စျေးပြိုင်စနစ်နဲ့ရောင်းမယ်လို့ ကြေညာထားတဲ့ အစိုးရ ငွေတိုက်စာချုပ်တွေကို မဝယ်ကြဖို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

သက်တမ်း ၂ နှစ်နဲ့ ၄ နှစ်ရှိတဲ့ အစိုးရငွေတိုက်စာချုပ် ကျပ်သန်းပေါင်း ၂၀၀,၀၀၀ ဖိုးကို လေလံတင် ရောင်းမယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနက ကြေညာခဲ့တာပါ။

အစိုးငွွေတိုက်စာချုပ် (Treasury Bond) တွေကို ပုံမှန်အားဖြင့် တလတကြိမ် အရောင်းအဝယ် လုပ်လေ့ရှိပါတယ်။

ဝယ်ယူသူတွေအနေနဲ့ သတ်မှတ်သက်တမ်းပြည့်တဲ့အခါ သတ်မှတ်အတိုးတွေအတိုင်း အကျိုးအမြတ် ရတာဖြစ်ပါတယ်။ ဝယ်တဲ့သူတွေက အစိုးရကို ငွေထုတ်ချေးသလိုဖြစ်ပြီး နောက်ဆက်တွဲကတော့ အဲဒါတွေဟာ ပြည်တွင်းကြွေးမြီတွေ ဖြစ်သွားတာပါ။ ငွေတိုက်စာချုပ် ဝယ်ယူထားသူတွေကို အစိုးရက အတိုးပေးရမယ့်အချိန် ရောက်တဲ့အခါ ဘယ်ကရတဲ့ငွေနဲ့ ပေးမလဲဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီကတော့ ဒီငွေတိုက်စာချုပ်တွေကို ဝယ်ယူသူတွေအနေနဲ့ နောက်ဆက်တွဲဆုံးရှုံးမှုတွေ ဖြစ်လာမယ်ဆိုရင် ဝယ်သူတွေရဲ့တာဝန်သာဖြစ်ပြီး ပြည်သူ့အစိုးရက တာဝန်ယူဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

"အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အသုံးပြုနိုင်တဲ့ တရားဝင်တဲ့ အဖွဲ့အစည်း မဟုတ်တဲ့အတွက် ငွေတိုက်စာချုပ်တွေ ရောင်းချတာအပါအဝင် ဘယ်လို အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးလုပ်ငန်းကိုမှ လုပ်ပိုင်ခွင့်မရှိဘူး။" လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/crph-treasury-bonds/5781601.html

စစ်ကောင်စီရောင်းမယ့် အစိုးရငွေတိုက်စာချုပ် မဝယ်ဖို့ CRPH တိုက်တွန်း စစ်ကောင်စီရောင်းမယ့် အစိုးရငွေတိုက်စာချုပ် မဝယ်ဖို့ CRPH တိုက်တွန်း Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.