CRPH ကို ကယားနဲ့ တအာင်းပါတီ ကိုယ်စားလှယ်တွေပူးပေါင်း


ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH မှာ ကိုယ်စားလှယ် နှစ်ဦး ထပ်မံ ခန့်ထားလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ထပ်မံ ပါဝင်လာသူ နှစ်ဦးကတော့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရောဘတ်ညေးရယ်နဲ့ တအာင်းအမျိုးသားပါတီက နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမင်းထွန်းတို့ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ဖေဖော်ဝါရီ လ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းဆောင်ရွက်နေရာမှာ တအာင်းနဲ့ ကယားဘက်က ပါတီတွေက အခုကော်မတီမှာ ပါဝင်လာကြတာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55990515

CRPH ကို ကယားနဲ့ တအာင်းပါတီ ကိုယ်စားလှယ်တွေပူးပေါင်း  CRPH ကို ကယားနဲ့ တအာင်းပါတီ ကိုယ်စားလှယ်တွေပူးပေါင်း Reviewed by THITHTOOLWIN on 21:43 Rating: 5

No comments:

Powered by Blogger.