မုံရွာမှာလည်း အရပ်ဝတ်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီး၊ မုံရွာဂေဇက်ဂျာနယ်က CEO ကိုလည်း ရိုက်နှက်ဖမ်းဆီးသွား

မုံရွာမှာလည်း အရပ်ဝတ်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီး၊ မုံရွာဂေဇက်ဂျာနယ်က CEO ကိုလည်း ရိုက်နှက်ဖမ်းဆီးသွား

ဒီကနေ့မနက် မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်၊ ရဲ နဲ့ အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးနေတာကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ မုံရွာဂေဇက်ဂျာနယ်က CEO ဖြစ်သူ ဦးကျော်ကျော်ဝင်း(ခ) ဦးကိုလေးကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

 ဖမ်းဆီးသူတွေဟာ သတင်းထောက်တွေကို ပစ်မှတ်ထားပြီး လိုက်လံဖမ်းဆီးတဲ့ ပုံစံမျိုးရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ဒါ့အပြင် မုံရွာမှာ နေအိမ်တွေထဲအထိ ရဲနဲ့ အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး ရဲတွေဖမ်းခေါ်လာတဲ့ အမျိုးသားတစ်ဦးကို အရပ်ဝတ်တစ်ဦးက လက်သီးနဲ့ ထိုးတဲ့ ဗီဒီယိုဖိုင်တွေလည်း ပျံ့နှံ့နေသလို အဲဒီနေအိမ်ထဲကနေပဲ နောက်ထပ် အမျိုးသမီးတစ်ဦးကို ဆွဲထုတ်ဖမ်းဆီးလာတာကိုလည်းတွေ့ရပါတယ်။

မုံရွာမှာ မနက်က သပိတ်စုရပ်တစ်ခုဖြစ်တဲ့ မုံရွာ ပြာသာဒ်ကျောင်းရှေ့မှာ ကျောင်းသားတွေလည်း ဖမ်းဆီးခံထားရတယ်လို့ အဲဒီကျောင်းတွင်းပိတ်မိနေတဲ့ ကျောင်းသားတချို့က ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မုံရွာမှာလည်း အရပ်ဝတ်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီး၊ မုံရွာဂေဇက်ဂျာနယ်က CEO ကိုလည်း ရိုက်နှက်ဖမ်းဆီးသွား မုံရွာမှာလည်း အရပ်ဝတ်တွေက ဆန္ဒပြသူတွေကို ဖမ်းဆီး၊ မုံရွာဂေဇက်ဂျာနယ်က CEO ကိုလည်း ရိုက်နှက်ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 18:42 Rating: 5

No comments:

Powered by Blogger.