ကယားပြည်နယ်က CDM လှုပ်ရှားတဲ့ဝန်ထမ်းများ ဖိအားပေးခံရ



စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ဝန်ထမ်း ၁ဝဝ ကျော်လောက် ပူးပေါင်းပါဝင်နေပါတယ်။ 

အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ဒီလိုပါဝင်နေတဲ့အတွက် ဝန်ထမ်းတွေနေတဲ့ ဝန်ထမ်းအိမ်ယာတွေကို နေခွင့်မပြုတော့ဘဲ သော့ခတ်ပိတ်ပစ်ခဲ့ပါတယ်။ 

ဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းအိမ်ယာမှာရှိတဲ့ သူတို့ရဲ့ပစ္စည်းတွေကို လိုချင်ရင် ရုံးကို လာခဲ့ဖို့ ပြောဆိုခဲ့တယ်လို့ CDM မှာပါဝင်တဲ့ ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
 
အခုဆိုရင် CDM လှုပ်ရှားမှာပါဝင်ကြတဲ့ ဝန်ထမ်းတွေဟာ တခြားနေရာမှာ တိမ်းရှောင်နေရပြီး၊ ဝန်ထမ်းအိမ်ယာမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ယူလိုတဲ့ အိမ်ထောင်သည်ဝန်ထမ်းတွေအနေနဲ့ အခက်အခဲဖြစ်နေရပါတယ်။

RFA Burmese



ကယားပြည်နယ်က CDM လှုပ်ရှားတဲ့ဝန်ထမ်းများ ဖိအားပေးခံရ ကယားပြည်နယ်က CDM လှုပ်ရှားတဲ့ဝန်ထမ်းများ ဖိအားပေးခံရ Reviewed by THITHTOOLWIN on 22:49 Rating: 5

No comments:

Powered by Blogger.