CDM မှာ ပါတဲ့ လေကြောင်းထိန်းဝန်ထမ်းတွေ ရုံးပြန်တက်ဖို့ ဖိအားပေးခံနေရ

CDM မှာ ပါတဲ့ လေကြောင်းထိန်းဝန်ထမ်းတွေ ရုံးပြန်တက်ဖို့ ဖိအားပေးခံနေရ ၂ဝ၂၁ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်ဆန္ဒပြနေကြသူများ။ Photo: RFA

စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ လေကြောင်းထိန်း ဝန်ထမ်းတွေ ရုံးပြန်တက်ဖို့ စစ်တပ်ရဲ့ ဖိအားပေးတာခံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန ဝန်ထမ်းတဦးက RFA ကိုဆက်သွယ်ပြောဆိုပါတယ်။

မနက်ဖြန် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကစပြီး လေကြောင်းထိန်း ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ ညွှန်ကြားထားပြီး ရုံးပြန်မတက်ရင် ဝန်ထမ်းဥပဒေတွေအရ အရေးယူမယ်လို့ ကြေညာထားတာကြောင့် ဝန်ထမ်းတချို့ စိုးရိမ်စိတ်နဲ့ ရုံးပြန်တက်ဖို့ ပြင်ဆင်နေကြတယ်လို့လည်း သူကပြောပါတယ်။

လေကြောင်းထိန်းဝန်ထမ်းတွေဟာ မြန်မာနိုင်ငံပေါ်က ဖြတ်သန်းသွားတဲ့ နိုင်ငံတကာလေယာဉ်တွေကို အဓိက ထိန်းကြောင်း စောင့်ကြည့်ပေးရတာဖြစ်ပါတယ်။

ဒီလုပ်ငန်းကနေ အစိုးရက တနှစ်ကို ဒေါ်လာသန်းချီ ဝင်ငွေရနေတာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဝန်ထမ်းတော်တော်များများဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတာကြောင့် လုပ်ငန်းတွေ နှောင့်နှေးလာနေတယ်လို့ သိရပါတယ်။

ဒီလုပ်ငန်းတာဝန်ဟာ လူစားထိုး ခန့်အပ်ဖို့ ခက်တာကြောင့် လေကြောင်းထိန်း ဝန်ထမ်းတွေ ရုံးပြန်မတက်အောင် စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းအားပေးကြဖို့လည်း အဲ့ဒီဝန်ထမ်းက ပြောပါတယ်။

လေကြောင်းထိန်း ဝန်ထမ်းတွေနဲ့ အရာရှိတချို့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး CDM လှုပ်ရှားမှုမှာ မပါဝင်ဖို့ ခံဝန်ချက်နဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေအနေနဲ့ ရုံးအမြန်ပြန်တက်ဖို့နဲ့ ရုံးပြန်မတက်ဘူးဆိုရင် အရေးယူမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေးထားသလို နေ့စဉ် ညပိုင်းတွေမှာ လိုက်လံဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/cdm-movements-against-military-coup-02162021112923.html

CDM မှာ ပါတဲ့ လေကြောင်းထိန်းဝန်ထမ်းတွေ ရုံးပြန်တက်ဖို့ ဖိအားပေးခံနေရ  CDM မှာ ပါတဲ့ လေကြောင်းထိန်းဝန်ထမ်းတွေ ရုံးပြန်တက်ဖို့ ဖိအားပေးခံနေရ Reviewed by THITHTOOLWIN on 23:30 Rating: 5

No comments:

Powered by Blogger.