လုပ်ငန်းခွင်ဝင်ဖို့ ပညာရေးဝန်ကြီးဌာန ကြေညာချက်ကို လက်မခံ၊ CDM ဆက်လုပ်မယ်လို့ ပညာရေးဝန်ထမ်းတွေပြောကြား



ပညာရေးဝန်ထမ်းတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ သက်ဆိုင်ရာဌာနတွေဘက်က ထုတ်ပြန်ကြေညာချက်တွေနဲ့ အသိပေးလာတာရှိပေမယ့် ရုံးမတက်ရေးလှုပ်ရှားမှု CDM ကိုသာ ဆက်လုပ်ဆောင်သွားမယ်လို့ ပညာရေးဝန်ထမ်းတွေကပြောပါတယ်။

ဒီလိုထုတ်ပြန်ချက်တွေဟာ တရားဝင်မှုလည်းမရှိသလို ခြိမ်းခြောက်အကြပ်ကိုင်မှုသာ ဖြစ်တယ်လို့ တက္ကသိုလ်ဆရာဆရာမများကိုယ်စားပြုကော်မတီရဲ့ မူဝါဒရေးရာတာဝန်ခံ ဒေါက်တာအာကာမိုးသူက ပြောပါတယ်။

"အဆင့်မြင့်ပညာမှာရှိတဲ့ဆရာဆရာမတွေရော ရှိသမျှ သူတွေမှာရော ဘယ်အမိန့်အာဏာမှ လွှမ်းမိုးမှုမရှိသေးပါဘူး။ ပြည်သူကနေ ပေးအပ်ထားတဲ့ တာဝန်တဟ်ခုပဲရှိတယ်။ CDM မှာ ပြည်သူနဲ့အတူပါဝင်ပေးဆိုတဲ့ လုပ်ငန်းစဉ်သာလျှင် အရေးကြီးသော ပြည်သူ့ဩဇာခံသာဖြစ်တယ်" လို့ ဒေါက်တာ အာကာမိုးသူက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄) ပုဒ်မ (၁၀)မှာ နိုင်ငံဝန်ထမ်းနဲ့ ပတ်သက်ပြီး ပြဌာန်းချက်အရ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အလေးထားဆောင်ရွက်တာနဲ့ ပြည်သူကိုရိုသေလေးစားရမယ်ဆိုတဲ့ အချက်တွေကို လိုက်နာရမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာတော့ အဆင့်မြင့်ပညာဦးစီးဌာနရော အခြေခံပညာဦးစီးဌာနကနေပါ နိုင်ငံဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရေးကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ ထွက်ရှိလာခဲ့ပါတယ်။ ပညာရေးဝန်ထမ်းတွေအနေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ လုပ်ငန်းဝင်ရောက်ဖို့နဲ့ မဝင်ရောက်ပါက ၂၆ရက်မှာ ထပ်မံနှိုးဆော်ဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချူပ်တွေကို ဘီဘီစီဘက်က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

လုပ်ငန်းခွင်ဝင်ဖို့ ပညာရေးဝန်ကြီးဌာန ကြေညာချက်ကို လက်မခံ၊ CDM ဆက်လုပ်မယ်လို့ ပညာရေးဝန်ထမ်းတွေပြောကြား  လုပ်ငန်းခွင်ဝင်ဖို့ ပညာရေးဝန်ကြီးဌာန ကြေညာချက်ကို လက်မခံ၊ CDM ဆက်လုပ်မယ်လို့ ပညာရေးဝန်ထမ်းတွေပြောကြား Reviewed by THITHTOOLWIN on 22:31 Rating: 5

No comments:

Powered by Blogger.