ကွန်တိန်နာယာဉ်တွေ CDM ဆက်လုပ်မယ်


CDM လုပ်ဆောင်နေတဲ့ကွန်တိန်နာကားတွေ ဆက်ပြီးမတောင့်ခံနိုင်ဘဲ မတ်လ (၁)ရက်နေ့ ပြန်ထွက်မယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ဒါဟာသတင်းအမှားသာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဈေးကွက်ထဲက တချို့ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်နိုင်ရေးအတွက်စဉ်းစား ဆွေးနွေးနေဆဲအခြေအနေသာဖြစ်ကြောင်း ကုန်သေတ္တာတင်မော်တော်ယာဉ်အသင်းကပြောပါတယ်။

"ဈေးကွက်ထဲမှာက ဆေးဝါးတွေ ဒါက နိုင်ငံခြားကတင်ပို့တာကိုး။ နောက် စားသောက်ကုန်တွေ အထည်အလိပ်တွေ။ အထည်အလိပ်တွေဆိုလည်း အထည်ချုပ်စက်ရုံတွေရှိကြတယ်လေ။ သူတို့တွေဘက်က complain တက်လာတာရှိတယ်။ 

ဒါကြောင့်ဆွေးနွေးနေဆဲပါ။ ထူးခြားရင် တရားဝင်ကြေညာပါ့မယ်" လို့ မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးစန်းလွင်က ဘီဘီစီကိုပြောပါတယ်။ အဲ့ဒီအသင်းရှိ သယ်ယူပို့ဆောင်ရေးဂိတ်တွေအားလုံးရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ CDM လုပ်ဆောင်ကာ အလုပ်ယာယီရပ်ဆိုင်းတာကို ဖေဖော်ဝါရီ ၁၂ရက်တည်းက စတင်ခဲ့တာပါ။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ကွန်တိန်နာယာဉ်တွေ CDM ဆက်လုပ်မယ်  ကွန်တိန်နာယာဉ်တွေ CDM ဆက်လုပ်မယ် Reviewed by THITHTOOLWIN on 20:14 Rating: 5

No comments:

Powered by Blogger.