Civil DisobedienceMyanmar CDM ထဲပါ၀င်ကြတဲ့ ၀န်ထမ်းတွေ၊ အထူးသဖြင့် ဦးစီးဦးဆောင် လုပ်တဲ့သူလို့ ယူဆခံရသူတွေကို စစ်အာဏာပိုင်တွေ ဖမ်းဆီးနေတယ်၊ ဖမ်းဆီးဖို့ ကြိုးစားနေတယ် ဆိုတဲ့သတင်းတွေ မြန်မာပြည် နေရာအနှံ့က ထွက်ပေါ်လာပါတယ်။
အတည်ပြုထားနိုင်သမျှ ရှမ်းပြည်နယ်မှာဆိုရင် မိုင်းပန်၊ မိုင်းရှုး၊ ညောင်ရွှေနဲ့ တောင်ကြီး စတဲ့မြို့တွေမှာ ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့ ပြည်သူ့ဆေးရုံက ဆေးမှတ်တမ်းထိန်း ကိုပြည့်ဖြိုးအောင် ဖမ်းဆီးခံထားရပါတယ်။
မြို့နယ်ဆရာဝန်ကြီးနဲ့ ဆရာဝန်ဆရာမတွေကိုလည်း ဖမ်းဆီးဖို့ အာဏာပိုင်တွေ ထပ်ရောက်လာပေမယ့်၊ အဖမ်းမခံပဲအံတုပြီး ဆေးရုံပြင်ပလူနာဌာနမှာတစုတစည်းတည်းနေနေကြပါတယ်။
- အင်အားပိုကောင်းလာတဲ့ နိုင်ငံတဝန်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ
- အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေကို အမေရိကန် ပိတ်ဆို့ အရေးယူတော့မယ်
ကချင်ပြည်နယ်ကို ကြည့်ရင်လည်း CDM လှုပ်ရှားမှုထဲ ပါ၀င်သူတွေကို လိုက်လံ ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။
လမ်းလျှောက်သပိတ် ထိုင်သပိတ်တွေနဲ့ CDM လှုပ်ရှားနေတာ ၄ရက်ရှိနေပြီဖြစ်တဲ့ တနိုင်းမြို့မှာဆိုရင် ပစ်မှတ်ထားခံရသူတွေ တိမ်းရှောင် နေရပါတယ်။
ပူတာအိုမြို့နယ်မှာလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပြီး၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ လူငယ်တွေ ပါဝင်လာကြပါတယ်။
ပူတာအိုဆန္ဒပြပွဲကို ဦးဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့၊ တက်ကြွလှုပ်ရှားသူ (၇) ယောက်ကို၊ စစ်အာဏာပိုင်တွေက သဘာဝဘေးအန္တရာယ် ပုဒ်မတွေ တပ်ပြီး၊လိုက်လံ ဖမ်းဆီးနေတယ်လို့ ကချင်ပြည်နယ်အခြေစိုက် ဘီဘီစီသတင်းထောက်က ပြောပါတယ်။
BBC Burmese
No comments:
Post a Comment