CDM လှုပ်ရှားမှုကြောင့်အစိုးရ အထိနာနေပြီလို့ ဆန္ဒပြခေါင်းဆောင်ပြော

ရန်ကုန်မြို့ဆူးလေက ဖေဖော်ဝါရီ ၁၇ ရက် ဆန္ဒပြပွဲ

ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကြောင့် အာဏာသိမ်းစစ်ကောင်စီ အစိုးရ အထိနာနေပြီလို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြတစ်ဦးဖြစ်သူ ကိုဂျင်မီက ပြောပါတယ်။

ဘဏ်တွေ လည်ပတ်မှု ရပ်နေပြီး နောက်ပိုင်းမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေပါ ရပ်ဆိုင်းသွားဖို့ ရှိတယ်လို့လည်း သူကပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ တိုင်းဒေသကြီးလွှတ်တော်တွေရဲ့ လှုပ်ရှားမှု ၊CDM လှုပ်ရှားမှု နဲ့ လူထုဆန္ဒပြ လှုပ်ရှားမှု စတဲ့ လှုပ်ရှားမှုကြီး ၃ ခုနဲ့ လှုပ်ရှားဆောင်ရွက်နေတယ်လို့ သူက ရှင်းပြပါတယ်။

စစ်ကောင်စီက အာဏာသိမ်းမှုဟာ ပြည်သူတွေပေးခဲ့တဲ့ မဲတွေကို စော်ကားခံလိုက်ရတာ ဖြစ်တဲ့အတွက် ပြည်သူတွေက အခုလိုပါဝင်လာကြတာ ဖြစ်တယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အစိုးရကို အာဏာပြန်အပ်တဲ့အထိ ရောက်အောင် ဒီလှုပ်ရှားမှုတွေကို ဆက်လုပ်သွားမယ်လို့လည်း ကိုဂျင်မီက ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

CDM လှုပ်ရှားမှုကြောင့်အစိုးရ အထိနာနေပြီလို့ ဆန္ဒပြခေါင်းဆောင်ပြော  CDM လှုပ်ရှားမှုကြောင့်အစိုးရ အထိနာနေပြီလို့ ဆန္ဒပြခေါင်းဆောင်ပြော Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.