CDM လှုံ့ဆော်သူ ရုပ်ရှင်သရုပ်ဆောင်တွေကို ဖမ်းဝရမ်းထုတ်

ဒါရိုက်တာ ဝိုင်း မှ CDM ပါဝင်ရေး လက်ကမ်းစာစောင်ဝေနေစဉ်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင်နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ရွေးကောက်ပွဲ တာဝန်ရှိသူတွေနဲ့ CDM လို့ ခေါ်တဲ့ အနုနည်းနဲ့ အာဏာ ဖီဆန်ရာမှာ ပါဝင်သူတွေကို ဖမ်းဆီး နေတာ သီတင်းသုံးပတ်ထဲ ရောက်လာတဲ့အချိန်မှာပဲ လူသိများ တဲ့ ရုပ်ရှင် သရုပ်ဆောင်နဲ့ ဒါရိုက်တာတွေကို မြန်မာစစ်တပ်က တရား စွဲဆို ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။

မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အနုပညာနယ်ပယ်က လူသိများကျော်ကြားသူတွေဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာ ကိုပေါက်၊သရုပ်ဆောင်လူမင်း၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာဏကြီးနဲ့ အဆိုတော်အနဂ္ဂတို့ကို ဖမ်းဆီးမိန့် ဝရမ်း ထုတ်ပြန်လိုက်တာပါ။

အဲဒီ အနုပညာရှင်တွေက သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုကို အသုံးပြုပြီး နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို CDM လှုပ်ရှား မှုမှာ ပါဝင်လာအောင်လှုံ့ဆော်တာ၊ ဆူပူဆန္ဒပြမှုမှာ ဝန်ထမ်းတွေပါဝင်လာအောင်လှုံ့ဆော်တာ စတာတွေကို လုပ်ဆောင်နေတာ ကြောင့် ရာဇသတ် ကြီးပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်း ထုတ်တာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြေညာထားပါတယ်။

အခု ထုတ်ပြန်တဲ့ ကြေညာချက်လိုမျိုး ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ထုတ်ပြန်ပြီး၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကို နိုင်နဲ့ ကိုဂျင်မီတို့ အပါအဝင် စုစုပေါင်း ၇ ယောက်ကို ဖမ်းဝရမ်း ထုတ်ထားတာပါ။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/cdm-actor-and-director-to-be-arrest-/5782949.html

CDM လှုံ့ဆော်သူ ရုပ်ရှင်သရုပ်ဆောင်တွေကို ဖမ်းဝရမ်းထုတ် CDM လှုံ့ဆော်သူ ရုပ်ရှင်သရုပ်ဆောင်တွေကို ဖမ်းဝရမ်းထုတ် Reviewed by THITHTOOLWIN on 08:15 Rating: 5

No comments:

Powered by Blogger.