လေကြောင်းထိန်းတွေရဲ့ CDM ဖြိုခွဲခံရပြီလား


မြန်မာပြည်ပေါ် ဖြတ်ပျံတဲ့ လေယာဥ်တွေ အတွက် မူလ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေ အားလုံး ပုံမှန်ပြန် အလုပ်လုပ်နေတယ် ဆိုပြီး စောင့်ကြည့်လေ့လာသူတချို့ ပြောကြတာ ကြားသိနေရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ လေကြောင်းထိန်း ၀န်ထမ်းတွေ အများစု CDM ထဲ ပါ၀င်ကြတဲ့အတွက်၊ တိုင်းပြည်ဖြတ်ကျော် လေယာဥ်လမ်းကြောင်းတွေ ရပ်ထားရပြီး၊ အရေးအကြောင်းကြုံလာရင် အသုံးပြုတဲ့ လမ်းကြောင်း ၅ ခု မှာသာ လှုပ်ရှားမှုတွေ ရှိနေခဲ့တယ်လို့ စောင့်ကြည့်သူတွေက ပြောကြပါတယ်။

အခုအခါမှာတော့ ပုံမှန်လမ်းကြောင်းတွေ ပြန်အလုပ်လုပ်နေတာကို သတိထားမိလာကြတာ ဖြစ်ပါတယ်။ CDM ထဲပါတဲ့ လေကြောင်းထိန်း၀န်ထမ်းတွေကို ပြန်အလုပ်ဆင်းဖို့ စစ်ကောင်စီက ဖိအားပေးနေတယ် ဆိုတဲ့ အကြောင်းလည်း ကိုယ်တိုင် CDM ထဲ ပါသူတစ်ဦးက ဘီဘီစီကို ပြောထားတာ ရှိပါတယ်။

စစ်ကောင်စီ လုပ်ဆောင်နေတာကို ကြည့်ရင်လည်း ၀န်ထမ်းတွေရဲ့ CDM မအောင်မြင်အောင် နည်းပေါင်းစုံ သုံးဖြိုခွဲနေတာကို တွေ့နေရပြီး CDM ထဲ ပါ၀င်အောင် တိုက်တွန်း နေသူတွေကိုပါ ဖမ်းမိန့်တွေ ထုတ်တဲ့အထိ လုပ်ဆောင်နေပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

လေကြောင်းထိန်းတွေရဲ့ CDM ဖြိုခွဲခံရပြီလား  လေကြောင်းထိန်းတွေရဲ့ CDM ဖြိုခွဲခံရပြီလား Reviewed by THITHTOOLWIN on 04:35 Rating: 5

No comments:

Powered by Blogger.