ရန်ကုန်မြို့တွင်းက ဆန္ဒပြနေရာတွေအနီးမှာ ဆေးကျောင်းသားတွေနဲ့ CDM ဆရာဝန်တွေအဆင်သင့်ရှိနေ


ဆေးကျောင်းသားတွေအနေနဲ့ ဆန္ဒပြလှုပ်ရှားတာအင်အားသက်သက်ဖြစ်ပြီး Medical Response မှာ ပါဝင်တဲ့ ကျောင်းသားတွေနဲ့ ဆရာဝန်တွေကတော့ ဆန္ဒပြသူတွေရဲ့မလှမ်းမကမ်းမှာ အမြဲရှိနေတယ်လို့ ဆိုပါတယ်။

“Base အထိုင်တခုက သက်သက်ရှိတယ်၊ ပြီးရင် ဆန္ဒပြမလှမ်းမကမ်းမှာ အသင့်စောင့်နေတာက သက်သက်ရှိမယ်။ နေရာတခုမှာ လူအယောက် ၂၀ လောက်ရှိတယ်။ ဆေး ၁ ကလည်း အခြား တနေရာမှာရှိမယ်၊ ဆေး၂ ကလည်း တနေရာမှာရှိနေမယ်။ ဒါမှ Cover ဖြစ်မှာကိုး။” လို့ ရန်ကုန်ဆေးတက္ကသိုလ်(၂) ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဥဂ္ဂါမြတ်က ဘီဘီစီကို အခုလိုပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်ဆေးတက္ကသိုလ်(၁) နဲ့ ဆေးတက္ကသိုလ် (၂)က ကျောင်းသားအများစုဟာ အာဏာသိမ်း စစ်အုပ်စုအောက်မှာ ပညာသင်ယူမှာ မဟုတ်ကြောင်းနဲ့ Civil Disobedience Movement မှာ တက်ကြွစွာပါဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ရန်ကုန်မြို့တွင်းက ဆန္ဒပြနေရာတွေအနီးမှာ ဆေးကျောင်းသားတွေနဲ့ CDM ဆရာဝန်တွေအဆင်သင့်ရှိနေ ရန်ကုန်မြို့တွင်းက ဆန္ဒပြနေရာတွေအနီးမှာ ဆေးကျောင်းသားတွေနဲ့ CDM ဆရာဝန်တွေအဆင်သင့်ရှိနေ Reviewed by THITHTOOLWIN on 15:23 Rating: 5

No comments:

Powered by Blogger.