စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့် ရပ်ဆိုင်း


စစ်ကောင်စီက ခန့်အပ်ထားတဲ့ စီမံဘဏ္ဍာစက်မှုဝန်ကြီး ဦးဝင်းရှိန်ကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့် ရပ်ဆိုင်းလိုက်တဲ့အကြောင်းကြားစာတစ်စောင် လူမှုကွန်ရက်မှာ ပျံံ့နှံ့နေပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့စွဲနဲ့ အဲဒီစာမှာ ဝန်ကြီး ဦးဝင်းရှိန်ကို လိပ်မူထားပြီး မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ဌာနေဒါရိုက်တာ မာရီယမ်ဂျေရှီယာမန်ရဲ့ လက်မှတ်ရေးထိုးထားတာတွေ့ရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစပြီး ကမ္ဘာ့ဘဏ်ရဲ့ မူဝါဒတစ်ရပ်အရ ငွေထုတ်ယူခွင့်ကို ရပ်ဆိုင်းထားတယ်လို့ အသိပေးကြောင်း ဖော်ပြထားပါတယ်။

အရင် စီမံကိန်းတွေအတွက်ခွင့်ပြုထားတဲ့ ငွေကြေးတွေကိုလည်း ဘဏ်နဲ့သဘောတူညီထားတဲ့ အသုံးစရိတ်တွေအတွက်သာအသုံးပြုနိုင်ပြီး ဒီအချိန် မှာ အကောင်အထည်ဖော်ဖို့မလိုအပ်သေးတဲ့ စီမံကိန်းအတွက် ငွေကြေးတွေကိုလည်း ပြန်လည်သိမ်းယူဖို့ စီစဉ်မယ်လို့လည်း ဖော်ပြထားပါတယ်။

စာရဲ့ မိတ္တူကို စစ်ကောင်စီဝန်ကြီးတွေဖြစ်တဲ့ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာက်ခိုင်ဝင်းနဲ့ ဦးမြင့်ကြိုင်တို့ကိုလည်း ပေးပို့ထားကြောင်းဖော်ပြထားပါတယ်။ ဒီစာဟာ အစစ်အမှန်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်က တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့် ရပ်ဆိုင်း  စစ်ကောင်စီကို ကမ္ဘာ့ဘဏ်က ငွေထုတ်ယူခွင့် ရပ်ဆိုင်း Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.