လှည်းတန်းမြေနီကုန်းတစ်ဝိုက် ရဲအင်အား အမြောက်အမြား ချထား၊ ဆန္ဒပြဖို့ ကြိုးပမ်းသူတွေကို လိုက်လံဖမ်းဆီး

 

ရန်ကုန်မြို့က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေရဲ့ စုရပ်တွေထဲက နှစ်ခုဖြစ်တဲ့ လှည်းတန်းနဲ့ မြေနီကုန်းတစ်ဝိုက် ရဲအင်အား အမြောက်အမြားကို ဒီနေ့မနက်အစောပိုင်းတည်းကချထားပါတယ်။

မြေနီကုန်းမှာဆိုရင် ဆန္ဒပြသူတွေ နေရာယူလေ့ရှိတဲ့ မြေနီကုန်းခုံးတံတားအောက်မှာ ရဲအင်အားအများအပြား တန်းစီထိုင်လျက်ရှိနေတာကိုလည်းတွေ့ခဲ့ရပါတယ်။

မြေနီကုန်းမှာဆို ဒီမနက် ကိုးနာရီကျော်လောက်စလို့ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ အထွေထွေသပိတ်စစ်ကြောင်း ရှိနေပြီး ကြည့်မြင်တိုင်ဘက်ကို ချီတက်ဖို့ စီစဉ်နေတယ်လို့ အဲဒီနေရာကိုရောက်နေသူတွေက ဘီဘီစီကိုပြောပါတယ်။

အခုတော့ လှည်းတန်းမှာ ဆန္ဒပြသူတွေ လူစုလို့မရအောင် ရဲတွေက လမ်းသွယ်တွေထဲအထိကို လိုက်လံဖမ်းဆီးနေတာတွေလည်း ရှိနေပါတယ်။ မနေ့ကတည်းက အဲဒီနေရာတွေမှာ ဆန္ဒပြလူစုလို့မရအောင် ရဲတွေက အင်အားအများအပြားနဲ့ လူစုခွဲဖြိုခွင်းခဲ့သလို လှည်းတန်းမှာဆိုရင်လည်း အနည်းဆုံးသေနတ် အချက် ၂၀ လောက်ပစ်ဖောက်ပြီး လူစုခွဲခဲ့တာရှိခဲ့ပါတယ်။

အဲဒီလိုနှိမ်နင်းရာမှာ ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိသလို ဖမ်းဆီးခံရသူတွေလည်းရှိထားပါတယ်။ ရဲတွေနဲ့ ထိပ်တိုက်မတွေ့အောင် နောက်ဆုတ်သွားသူတွေ၊ လမ်းကြိုလမ်းကြားထဲ ပြေးသူတွေကို ရဲတွေက အဲဒီနေရာတွေထိ လိုက်လံဖမ်းဆီးခဲ့တဲ့ ရုပ်သံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56140135

လှည်းတန်းမြေနီကုန်းတစ်ဝိုက် ရဲအင်အား အမြောက်အမြား ချထား၊ ဆန္ဒပြဖို့ ကြိုးပမ်းသူတွေကို လိုက်လံဖမ်းဆီး  လှည်းတန်းမြေနီကုန်းတစ်ဝိုက် ရဲအင်အား အမြောက်အမြား ချထား၊ ဆန္ဒပြဖို့ ကြိုးပမ်းသူတွေကို လိုက်လံဖမ်းဆီး Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.