ရန်ကုန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတွေ ပေါ်ပေါက်

ရန်ကုန်မြို့၊ လှည်းတန်းမှာ  ရာနဲ့ချီတဲ့ လူတွေဟာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေး၊  အမေစုကျန်းမာပါစေ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ ဒီဆန္ဒပြမှုကို ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တားမြစ်ထားပါတယ်။

ရန်ကုန်မှာ ဒီနေ့ မနက်ပိုင်းက ရာနဲ့ချီတဲ့ လူတွေဟာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ အမေစုကျန်းမာပါစေ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြကြွေးကြော်ချီတက်လမ်းလျှောက်နေတာနဲ့အတူ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လက်သုံးချောင်ထောင်လှုပ်ရှားမှုတွေကိုလည်း တစ်ပါတည်းပြုလုပ်ခဲ့ကြတာပါ။ အခုလိုချီတက်လမ်းလျှောက်ဆန္ဒဖော်ထုတ်တာကို ဘေးပတ်ဝန်းကျင်က ကြည့်ရှုနေကြသူတွေကလည်း လက်သုံးချောင်းထောင်ပြီး ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။ ဒါ့အပြင် လူငယ်နိုင်ငံရေးသမားတက်ကြွလှုပ်ရှားသူ ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မအိသဉ္ဇာမောင်တို့နဲ့အတူ လူငယ်တက်ကြွလှုပ်ရှားသူတွေကလည်း ရန်ကုန်မြို့မှာ အာဏာရှင်စနစ်ကျဆုံးပါစေ ဆိုတဲ့ လက်သုံးချောင်းထောင်လှုပ်ရှားမှုကို လမ်းပေါ်ထွက် ပြုလုပ်နေကြပါတယ်။ လတ်တလောမှာ ဆက်သွယ်ရေးအော်ပတာတချို့ အင်တာနက်သုံးစွဲမှု ပြတ်တောက်နေပြီး Internet Provider တချို့ကနေ Wi Fi က တစ်ဆင့် အင်တာနက် သုံးစွဲရအဆင်မပြေတာ၊ အင်တာနက်လှိုင်းတွေ နှေးတာတွေ ကြုံနေရပါတယ်။

BBC Burmese

https://www.bbc.com/burmese/live/burma-55882493?fbclid=IwAR16xe3oWs67fxTZ7sqRUM1jMijHt4dd_zzgud06k-jvxsmvKE1znZiaQ2U

ရန်ကုန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတွေ ပေါ်ပေါက်  ရန်ကုန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတွေ ပေါ်ပေါက် Reviewed by THITHTOOLWIN on 12:40 Rating: 5

No comments:

Powered by Blogger.