မန္တလေးမှာလည်း ပစ်ဖောက်လူစုခွဲ၊ ရဲကားက ဝင်တိုက်လို့ တစ်ဦးဒဏ်ရာရ၊ လက်နက်အပြည့်နဲ့ ရဲကားတစီးကို လူထုက သိမ်းထား





မန္တလေးမြို့ သွားဘက်ဆိုင်ရာဆေး၊ သူနာပြု ကုတင် ၃၀၀ ရှိတဲ့ ၆၂ လမ်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြတဲ့ ကျန်းမာရေးသပိတ်စစ်ကြောင်းတွေကို ပိတ်ဆို့တားဆီးတာ သေနတ်ပစ်ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။ 

အဲဒီမှာသူနာပြုစစ်ကြောင်းက ပိတ်ဆို့ခံရပြီး တခြားကျန်းမာရေးစစ်ကြောင်းတွေကတော့အတားအဆီးတွေကြားထဲကနေ ရအောင်ဖောက်ထွက်ပြီး သပိတ်စတင်ခဲ့ပါတယ်။ အဲဒီနောက် ၆၂ လမ်းမကြီးနဲ့ မနော်ဟရီလမ်းမှာ ကျန်းမာရေးစစ်ကြောင်းတွေက ထိုင်သပိတ်ပြုလုပ်ပါတယ်။

 မနက်၉ နာရီကျော်လောက်မှာ ၆၂ လမ်း ၊ ၁၀၇ လမ်းမှာ ရဲကားက လမ်းပေါ်က ပြည်သူကို ဝင်တိုင်ရာ တဦးဒဏ်ရာရရှိပါတယ်။ 

လက်နက်တွေနဲ့ ရဲကားကိုလည်း လူထုက ဖမ်းဆီးရမိခဲ့ပါတယ်။ ၁၁ နာရီလောက်မှာ ထိုင်သပိတ်စစ်ကြောင်းပြီးလို့ အသီးသီးပြန်ထွက်ခွာချိန်မှာ ၆၂ လမ်း၊ ၁၀၃ လမ်းကနေ ၁၀၆ လမ်းထိ လုံခြုံရေးယူထားတဲ့ စစ်ကား ရဲကားကနေ သေနတ်ပစ်‌ဖောက် ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မန္တလေးမှာလည်း ပစ်ဖောက်လူစုခွဲ၊ ရဲကားက ဝင်တိုက်လို့ တစ်ဦးဒဏ်ရာရ၊ လက်နက်အပြည့်နဲ့ ရဲကားတစီးကို လူထုက သိမ်းထား မန္တလေးမှာလည်း ပစ်ဖောက်လူစုခွဲ၊ ရဲကားက ဝင်တိုက်လို့ တစ်ဦးဒဏ်ရာရ၊ လက်နက်အပြည့်နဲ့ ရဲကားတစီးကို လူထုက သိမ်းထား Reviewed by THITHTOOLWIN on 13:47 Rating: 5

No comments:

Powered by Blogger.