ရန်ကုန်က မြဝတီဘဏ် ရှေ့ငွေထုတ်သူတွေတန်းစီနေ |
တပ်ပိုင် မြဝတီဘဏ်တွေကနေ လူတေွက အခုရက်ပိုင်းအပ်ငွေတွေ ပြန်ထုတ်နေကြပါတယ်။
မြဝတီဘဏ်တွေမှာ ငွေထုတ်သူတွေများလို့ တစ်နေ့ကိုလူဦးရေ (၂၀၀)နဲ့ တစ်ဦးကို ငွေကျပ်သိန်း(၅၀)ကိုသာ အများဆုံးထုတ်ယူခွင့်ပေးတယ်လို့လည်း ငွေထုတ်ခဲ့သူတွေကပြောပါတယ်။
စစ်တပ်ကို အာဏာသိမ်းလို့ အမေရိကန်ကနေ အရေးယူပိတ်ဆို့ပြီးတဲ့နောက် ရန်ကုန်မြို့ဝါးတန်းလမ်းမှာရှိတဲ့ တပ်ပိုင်မြဝတီဘဏ်ရုံးချုပ်ရှေ့မှာ ငွေထုတ်ယူသူရာချီရှိခဲ့တာပါ။
တပ်ပိုင်ဘဏ်ကနေ ငွေထုတ်တာကတော့ စိုးရိမ်မှုတွေရှိနေလို့ထုတ်တာဖြစ်တယ်လို့ငွေထုတ်သူ တစ်ဦးကပြောပါတယ်။
BBC Burmese
တပ်ပိုင်မြဝတီဘဏ်တွေက ငွေတွေပြန်ထုတ်နေကြ
Reviewed by THITHTOOLWIN
on
19:46
Rating:
No comments:
Post a Comment