အာဏာသိမ်းစစ်ကောင်စီကို ကန့်ကွက်ရှုတ်ချကြောင်း အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေ ဖေဖော်ဝါရီလ ၁၄ ရက် ဒီကနေ့ ဝါရှင်တန်ဒီစီမြို့တော်မှာ စုဝေးပြီး မြို့ပတ်လှည့်လည် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ လူအင်အား ၅၀၀ နီးပါး လူအုပ်ကြီးဟာ ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီးတော့ မြန်မာသံရုံး၊ မြန်မာစစ်သံရုံးတွေကနေ အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့ရှိ လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင်အထိ ချီတက်ဆန္ဒပြခဲ့ကြတာပါ။ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ ခွင့်ပြုချက်တင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူတွေ အားလုံးကိုပြန်လွှတ်ပေးဖို့နဲ့ ကုလသမဂ္ဂနဲ့ အမေရိကန်စစ်တပ်တွေ မြန်မာပြည်ကို အမြန်ဆုံးစေလွှတ်ပေးဖို့ အဓိကထား တောင်းဆိုခဲ့ကြပါတယ်။
RFA Burmese
အမေရိကရောက် မြန်မာတွေ ဝါရှင်တန်ဒီစီမြို့ပတ်ဆန္ဒပြ
Reviewed by THITHTOOLWIN
on
09:07
Rating:
No comments:
Post a Comment