![]() |
မြစ်ကြီးနားမှာ စစ်အစိုးရဆန့်ကျင် ဆန္ဒပြသူတွေ ဖမ်းခံရ စစ်အာဏရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု မြစ်ကြီးနားမြို့မှာ ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် / Photo: RFA |
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြအဖွဲ့ထဲက လေးဦးထက်မနည်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ဒီနေ့မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
အဖမ်းခံရသူတွေကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ထိန်းသိမ်းထားပါတယ်။
ကချင်ပြည်နယ် အထွေထွေသပိတ်အဖွဲ့ လမ်းကြောင်းကို တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ အင်အားတစ်ရာခန့်က မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ ပိတ်ပင်တားဆီးလို့ လူစုခွဲချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
စစ်တပ်ကားပေါ်ကနေ လော်စပီကာနဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း၊ လူ ငါးဦးထပ်ပိုမစုဖို့နဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း အိမ်ပြင်မထွက်ရန်အမိန့်တွေကို လိုက်နာကြဖို့ ပြောခဲ့ပါတယ်။
ကချင်ပြည်နယ်အထွေထွေသပိတ်အဖွဲ့က အဲဒီနေရာကနေ လှည့်ပြန်သွားခဲ့ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/protesters-arrested-in-myitkyina-02182021043313.html
မြစ်ကြီးနားမှာ စစ်အစိုးရဆန့်ကျင် ဆန္ဒပြသူတွေ ဖမ်းခံရ
Reviewed by THITHTOOLWIN
on
20:18
Rating:

No comments:
Post a Comment