၀န်ထမ်းတွေအပေါ် ဖိအားပေးခြိမ်းခြောက်နေသူတွေကို အရေးယူမယ်လို့ စစ်အစိုးရ ကြေညာ


တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေကို ဖိအားပေးခြိမ်းခြောက်နေသူတွေကို ဥပဒေနဲ့အညီ ပြင်းထန်စွာအရေးယူသွားမယ်လို့ အာဏာသိမ်းစစ်အစိုးရက ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရုံးတက်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို မသမာသူတွေက နည်းအမျိုးမျိုးနဲ့ဖိအားပေးတာ ၊ ခြိမ်းခြောက်တာတွေလုပ်ဆောင်နေကြောင်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ တိုင်ကြားဖို့ဆိုပြီး ထုတ်ပြန်လိုက်တာပါ။

အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် တစ်နိုင်ငံလုံးက ဝန်ထမ်းတွေ ရုံးမတက်ဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအပါအဝင် လှုပ်ရှားမှု ဦးဆောင်သူတွေနဲ့ ပြည်သူတွေက တိုက်တွန်းနေကြတာပါ။

လက်ရှိနေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ဝန်ထမ်းတွေ တနေ့တခြား များလာတယ်လို့ ဦးဆောင်သူတွေက ပြောကြပါတယ်။ 

ရုံးမတက်နဲ့ ရုန်းထွက်ကြဆိုတဲ့ လှုပ်ရှားမှုကို တစ်နိုင်ငံလုံးက ဝန်ထမ်းတွေပါဝင်ဖို့နဲ့ ပါဝင်တဲ့ဝန်ထမ်းတွေ စားသောက်နေထိုင်ရေးအခက်အခဲရှိလာခဲ့ရင် အကူအညီပေးဖို့လည်း ပြင်ဆင်တာတွေ ရှိနေပါတယ်။ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဗဟိုဘဏ်က ဝန်ထမ်းတွေကို ကြေညာချက်တွေ ထုတ်ထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရသစ် ဖွဲ့စည်းပြီးတဲ့အချိန်ထိ ပြည်သူ့ဝန်ထမ်းတွေကို အလုပ်ပိတ်ထားကြောင်း တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့အသီးသီးက ကြေညာချက်တွေထုတ်ထားပါတယ်။  


RFA Burmese

https://www.facebook.com/rfaburmese

၀န်ထမ်းတွေအပေါ် ဖိအားပေးခြိမ်းခြောက်နေသူတွေကို အရေးယူမယ်လို့ စစ်အစိုးရ ကြေညာ ၀န်ထမ်းတွေအပေါ် ဖိအားပေးခြိမ်းခြောက်နေသူတွေကို အရေးယူမယ်လို့ စစ်အစိုးရ ကြေညာ Reviewed by THITHTOOLWIN on 19:12 Rating: 5

No comments:

Powered by Blogger.