ည ၁ နာရီကနေ မနက် ၉ နာရီအတွင်း ဆက်သွယ်ရေးတွေ ဖြတ်တောက်ခံရနိုင်တာကြောင့် ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်မှာ လုံခြံုတဲ့နေရာတွေမှာ နေထိုင်ကြဖို့ Twitter လူမှုကွန်ရက်ကနေ သတိပေးလိုက်တာပါ။
ည ၁ နာရီကနေ မနက် ၉ နာရီအထိ အင်တာနက် ဆက်သွယ်မှုတွေကို ဖြတ်တောက်မယ့် သတင်းတွေ ထွက်ပေါ်နေတာကြောင့် ကိုယ့်လက်ရှိ အခြေအနေကို မိသားစုတွေ မိတ်ဆွေတွေကို အသိပေးထားကြဖို့၊ ညမထွက်ရ အမိန့်ကို လိုက်နာဖို့နဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြန်ဖွင့်တဲ့အခါ မိသားစုတွေ၊ မိတ်ဆွေတွေကို အကြောင်းကြားဖို့လည်း တိုက်တွန်းထားပါတယ်။
တချိန်တည်းမှာပဲ တပ်မတော်က အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ လုပ်ငန်းခွင်မသွားဘဲ သပိတ်မှောက်တာ၊ ဆန္ဒပြတာတွေဟာ မြန်မာပြည်သူလူထုက ဒီမိုကရေစီ လိုလားကြောင်း ပြသနေတာလို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့ညပိုင်းမှာ ပြောလိုက်ပါတယ်။
မိမိတို့အနေနဲ့ လုပ်ငန်းခွင်မသွားဘဲ သပိတ်မှောက် ဆန္ဒပြနေကြတဲ့ မြန်မာ ပြည်သူလူထုနဲ့အတူ ရပ်တည်ပါတယ်လို့ အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာ "U.S. Embassy Rangoon" မှာ ဖော်ပြထားပါတယ်။
RFA Burmese
No comments:
Post a Comment