နေပြည်တော်က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ထိခိုက်ဒဏ်ရာရသူတွေကို အခမဲ့ ကုသပေးနေတဲ့ ဆေးဝန်ထမ်းအဖွဲ့ကို ဖေဖော်ဝါရီ ၉ ရက် မနေ့ညကစလို့ စစ်တပ်က ဖိအားပေးနေတယ်လို့ ဆေးဝန်ထမ်း အဖွဲ့ဝင်တွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ နေပြည်တော်မြို့လယ် လူစည်ကားရာ မြို့မဈေးအနီးမှာ ဒီကနေ့ ဌာနပေါင်းစုံက ဝန်ထမ်းအင်အား ငါးရာခန့် အာဏာရှင်ဖီဆန်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
နေပြည်တော်မြို့လယ် သပြေကုန်းအဝိုင်း လူထုဆန္ဒပြပွဲကို မနေ့က နေ့လယ်ပိုင်းမှာ လုံထိန်းတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပြီးတဲ့နောက်၊ အဲဒီညပိုင်းမှာပဲ ဆေးဝန်ထမ်းအဖွဲ့ရှိရာ သပြေကုန်းအဝိုင်းအနီးက ဓမ္မာရုံကို စစ်တပ်က လာဝိုင်းခဲ့ပါတယ်။
အဲဒီဆေးဝန်ထမ်းအဖွဲ့မှာ နေပြည်တော်အခြေစိုက် ဆေးရုံအသီးသီးက ဆရာဝန်တွေ၊ သူနာပြုတွေ၊ စေတနာ့ ဝန်ထမ်း လူနာတင်ယာဉ်အဖွဲ့တွေ၊ အာဏာဖီဆန်ရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ရပ်ကွက်နေပြည်သူတွေ အပါ အဝင် စုစုပေါင်း လူအင်အား ၂၀၀ ခန့် ရှိပါတယ်။
သူတို့အဖွဲ့ဟာ ဖေဖော်ဝါရီ ၇ ရက်နေ့ကစလို့ နေပြည်တော်မှာ စစ်အစိုးရဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ မြင့်တက်လာကတည်းက ထိခိုက်ဒဏ်ရာရသူတွေကို အခမဲ့ ကုသပေးနေတာပါ။
မနေ့က နေပြ့ည်တော်မြို့လယ် သပြေကုန်းအဝိုင်း လူထုဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲံတဲ့အတွက် မမြသွဲ့သွဲ့ခိုင် နဲ့ ကိုဆိုဝေ တို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို၊ နောက်ထပ် လူငယ် ၁၅ ဦးလည်း ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ပါတယ်။
ဒဏ်ရာပြင်းထန်သူတွေကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးကို အရေးပေါ် ပို့ဆောင်ပေးခဲ့ပြီး၊ ဒဏ်ရာမပြင်းထန်သူ ၁၅ ဦးကို သူတို့အဖွဲ့က ကူညီကုသပေးနေတာလို့ ဆေးဝန်ထမ်းအဖွဲ့က ပြောပါတယ်။
နေပြည်တော်မြို့လယ်က သပြေကုန်းအဝိုင်းဟာ နေပြည်တော်ရဲ့ အဓိက လမ်းမကြီး နှစ်ခုဖြစ်တဲ့ ရာဇသင်္ဂဟလမ်းနဲ့ ပျဉ်းမနား-တောင်ညို လမ်းမကြီးဆုံရာ မီးပွိုင့်အဝိုင်းဖြစ်ပြီး၊ လမ်းဆုံအလယ်တည့်တည့် ရင်ပြင်ကျယ်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု ရှိပါတယ်။
မနေ့က အဲဒီသပြေကုန်းအဝိုင်းမှာ နေပြည်တော် ၈ မြို့နယ်က မိဘပြည်သူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ အတူ ဝန်ထမ်းပေါင်းစုံ ပါဝင်တဲ့ လူတစ်သိန်းနီးပါးက စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မနေ့က ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းပြီးတဲ့နောက်၊ ဒီကနေ့မှာတော့ ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်ခန့်က လက်နက်အပြည့်နဲ့ အဲဒီသပြေကုန်းအဝိုင်းမှာ နေရာယူထားတာတွေ့ရပါတယ်။
ဒါ့ကြောင့် လူငယ်တွေနဲ့အတူ ဌာနပေါင်းစုံက ဝန်ထမ်းအင်အား ၅၀၀ ခန့်ဟာ၊ နေပြည်တော်က နောက်ထပ် လူစည်ကားရာ နေရာတစ်ခုဖြစ်တဲ့ မြို့မဈေးအနီးမှာ ဒီကနေ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြ ပါတယ်။
လက်ရှိအုပ်ချုပ်နေတဲ့ စစ်အစိုးရယန္တရား ပျက်ပြားအောင်လို့ ရုံးမတက်ဘဲ ဆန့်ကျင်တာလို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အခြားဝန်ထမ်းတစ်ဦးကလည်း နေပြည်တော်က အစိုးရဝန်ထမ်းအားလုံး ရုံးမတက်ဘဲ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းသွားပါတယ်။
ဒီဆန္ဒပြပွဲမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနတွေ ပါဝင်ပါတယ်။
ဒီလှုပ်ရှားမှုကို ရုံးစတက်ချိန် ဒီနေ့မနက် ၈ နာရီလောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး၊ အမြင့်ဆုံး ရာထူးအနေနဲ့ ညွှန်မှူး၊ ဒုညွှန်မှူး၊ ဦးစီး၊ ဒုဦးစီးအရာရှိ အဆင့်ဆင့် ပါဝင်တယ်လို့ ဆန္ဒပြနေတဲ့ ဝန်ထမ်းတွေက ပြောပါတယ်။
အခုနောက်ဆုံး ရရှိတဲ့သတင်းတွေအရ ဒီကနေ့ မွန်းလွဲ ၃ နာရီခွဲလောက်မှာ၊ မနေ့က ပစ်ခတ်ဖြိုခွင်းခံရတဲ့ သပြေကုန်းအဝိုင်းနေရာကို လူငယ်တစ်ထောင်ခန့် စုဝေးရောက်ရှိလာပြီး လုံခြုံရေးယူထားတဲ့ ရဲတွေကို အော်ဟစ်ကန့်ကွက်တာတွေ လုပ်ဆောင်နေပါတယ်။
မနေ့က ဦးခေါင်းကိုပစ်ခတ်ခံရလို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ အရေးပေါ်ဌာနမှာ ကုသမှုခံယူနေရတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အခြေအနေကတော့ ဒီကနေ့ ညနေ ၄ နာရီအထိ ထူးခြားမှုမရှိဘဲ၊ အသက်အန္တရာယ် စိုးရိမ်ရဆဲပဲလို့ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။
မနေ့က သပြေကုန်းအဝိုင်း လူထုဆန္ဒပြပွဲမှာ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်တဲ့ ရဲအရာရှိရဲ့ အခြေအနေကိုလည်း အတိအကျ မသိရသေးပါဘူး။ သူအဖမ်းခံရမှု ရှိ၊ မရှိဆိုတာကို RFA က စုံစမ်းနေပါတယ်။ မနေ့က ဆန္ဒပြ လူအုပ် ပစ်ခတ်ဖြိုခွင်းခံရချိန်မှာ ဆန္ဒပြ ကျောင်းသားလူငယ်တွေနဲ့အတူ အဲဒီရဲအရာရှိလည်း ရောနှောလိုက်ပါ သွားတယ်လို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ လူငယ်အချို့ကပြောပါတယ်။
RFA Burmese
ဆန္ဒပြပွဲဒဏ်ရာရသူတွေကို ကူညီနေတဲ့ ဆရာဝန်အဖွဲ့ ဖိအားပေးခံရ
Reviewed by THITHTOOLWIN
on
21:55
Rating:

No comments:
Post a Comment