ဒေါ်အောင်ဆန်းစုကြည်အမှု တရားမျှတမှုအခြေအနေ ရှေ့နေဖြစ်သူစိုးရိမ်

Khin Maung Zaw (C), a lawyer representing detained Myanmar civilian leader Aung San Suu Kyi and ousted president Win Myint, is pictured outside Zabuthiri Township Court in Naypyidaw on February 16, 2021. (Photo by STR / AFP)

စစ်အုပ်ချုပ်ရေးကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီး စွဲချက်တင်ခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရဘဲ ဒီအမှုကို လိုက်ပါဆောင်ရွက်ရမယ့် ကိစ္စအပေါ် တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က စိုးရိမ်နေပါတယ်။

"အချိန်ကိုက်ပါဝါရရင်တောင်မှ သူရဲ့ပါဝါရလို့ တရားခွင်ကို ကျနော်တို့က ဒီပါဝါကို တင်ပြလို့ ဖိုင်လုပ်လိုက်လို့ တရားခွင်ကနေပြီးတော့ ဗွီဒီယို ကွန်ဖရင့်နဲ့ စစ်မယ်ပြောတာကို။ ဗွီဒီယိုကွန်ဖရင်မှာ စစ်ခွင့်ပေးရင်တောင်မှ ကျနော်တို့မှာ ဘာပြင်ဆင်ထားတာမှမရှိဘူးဖြစ်နေတယ်။ အဲဒီအတွက်တော့ ကျနော်တို့စိုးရိမ်တယ်။"

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် တာဝန်ရှိသူ အများအပြားကို ဖမ်းဆီးထိန်းသိမ်းထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဥပဒေတွေနဲ့ တရားစွဲထားပါတယ်။

မတ်လ ၁ ရက်နေ့မှာ အွန်လိုင်း Video Conferencing ကနေ ရုံးထုတ်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ ရှေ့နေဦးခင်မောင်ဇော်ကအကြိမ်ကြိမ်ကြိုးစားပေမယ့် လုံးဝတွေ့ခွင့််မရသေးပါဘူး။

ရုံးထုတ်မယ့်ကိစ္စနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး ကြိုတင်ပြင်ဆင်ခွွင့်မရရင်တော့ တရားမျှတမှုမခံစားရမယ့် အန္တရာယ်ရှိနေတယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ဖေဖော်ဝါရီလ ၂၆ ရက်၊ သောကြာနေ့မှာပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ပါထားတဲ့ တရားခံရဲ့ခုခံပိုင်ခွင့်၊ ရှေ့နေရှေ့ရပ်နဲ့ ခုခံပိုင်ခွင့်မရဘဲ ဒီအခွင့်အရေးတွေချိုးဖောက်ခံရရင် အခြေအနေ အတော်ဆိုးလိမ့်မယ်လို့လည်း တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်ကပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/daw-aung-san-suu-kyi-lawyer-khin-maung-zaw-corcen-about/5793852.html

ဒေါ်အောင်ဆန်းစုကြည်အမှု တရားမျှတမှုအခြေအနေ ရှေ့နေဖြစ်သူစိုးရိမ် ဒေါ်အောင်ဆန်းစုကြည်အမှု တရားမျှတမှုအခြေအနေ ရှေ့နေဖြစ်သူစိုးရိမ် Reviewed by THITHTOOLWIN on 20:04 Rating: 5

No comments:

Powered by Blogger.