ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ဒီနေ့ စတင်မယ်

 

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု အကြောင်းအရာ အပါအဝင် ကမ္ဘာအနှံ့က လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ သီတင်းလေးပတ်ကြာ အစည်းအဝေးကို ဒီကနေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးကောင်စီရဲ့ ၄၆ ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ မြန်မာအရေးကိစ္စနဲ့ ပတ်သက်ပြီး ကုလ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ တင်ပြမှုကိုတော့ အစည်းအဝေး တတိယပတ်မှာ တင်ပြဖို့ ရှိနေပါတယ်။

စတင်ကျင်းပမယ့် တနင်္လာနေ့မှာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ်ရပ်ဘ်က မြန်မာနိုင်ငံမှာ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေကို စစ်အာဏာသိမ်း ခေါင်းဆောင်တွေက လွှတ်ပေးဖို့ တောင်းဆိုတာကို ထည့်သွင်းပြောကြားဖို့ ရှိပါတယ်။

ကုလလူ့အခွင့်အရေးကောင်စီ UNHRC အနေနဲ့ပိတ်ဆို့အရေးယူမှုတွေလုပ်နိုင်တဲ့ အာဏာမရှိပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက သတိထားမိလာအောင် လုပ်ဆောင်နိုင်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ဒီနေ့ စတင်မယ်  ကုလ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ဒီနေ့ စတင်မယ် Reviewed by THITHTOOLWIN on 08:07 Rating: 5

No comments:

Powered by Blogger.