မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai |
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဖမ်းဆီးခံရခြင်းအပေါ် များစွာဂရုပြုကြောင်း၊ ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းလွှတ်ပေးရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ ပြည်သူများရဲ့ဆန္ဒနဲ့ အကျိုးစီးပွားနဲ့အညီ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပြန်လည်သင့်မြတ်ရေးကို အားပေးကြောင်း ပြောကြားခဲ့တယ်လို့ သံရုံးကထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ယခုရက်ပိုင်းမှာ တရုတ်လေယာဉ်တွေနဲ့ နည်းပညာသမားတွေ မြန်မာနိုင်ငံကို ပို့ဆောင်တဲ့သတင်းတွေ လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့နေပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံ တပ်မတော်ကို ကူညီပြီး “Firewall” တည်ဆောက်ပေးနေတယ်လို့ ဆိုကြပါတယ်။
တရုတ်လေယာဉ်နဲ့ နည်းပညာသမားတွေ မြန်မာနိုင်ငံကို ပို့ဆောင်တဲ့အကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကူညီပြီး Firewall တည်ဆောက်တဲ့အကြောင်း၊ တရုတ်စစ်သားတွေ မြန်မာနိုင်ငံ လမ်းမပေါ်တွေမှာ တွေ့ရတဲ့အကြောင်း စတဲ့သတင်းတွေဟာ လုံးဝအခြေအမြစ်မရှိပါကြောင်းနဲ့ ဒီလေယာဉ်တွေဟာ တရုတ်-မြန်မာအကြား ပုံမှန် ကုန်တင်လေယာဉ်ခရီးစဉ် မြန်မာနိုင်ငံက တရုတ်နိုင်ငံကို တင်ပို့တဲ့ ပင်လယ်စာ စတဲ့ကုန်ပစ္စည်းတွေ ဖြစ်တယ်လို့ သံအမတ်ကြီးကပြောခဲ့ပါတယ်။
BBC Burmese
No comments:
Post a Comment