အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူဖို့ ဂျပန်အမတ်တွေ တောင်းဆို



ဂျပန်အစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ (EU) တို့နဲ့အတူ  မြန်မာစစ်တပ် အာဏာသိမ်းခေါင်းဆောင်တွေကို ထိထိရောက်ရောက် ပိတ်ဆို့အရေးယူဖို့ ဂျပန်လွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ပါတယ်။

လက်ရှိအာဏာရ Liberal Democratic ပါတီနဲ့အတူ အတိုက်အခံ Constitutional Democratic ပါတီတို့ ပူးပေါင်းပြီး အစိုးရထံတင်ပြဖို့ စီစဉ်ခဲ့ကြတာပါ။ 

တောင်းဆိုချက်ကို မြန်မာစစ်တပ်က ငြင်းပယ်မယ်ဆိုရင် ဂျပန်အစိုးရအနေနဲ့ အမေရိကန်၊ အီးယူနိုင်ငံတွေနဲ့အတူ မြန်မာအပေါ် လူသားချင်းစာနာရေး ကိစ္စတွေကလွဲပြီး၊   စီးပွားရေးအကူအညီတွေ ရပ်ဆိုင်းထားမယ်လို့ ဂျပန်လွှတ်တော်အမတ်တွေက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကိုလည်း မြန်မာပြည်သူတွေရဲ့ မျှော်လင့်ရည်မှန်းချက်တွေကို ဆန့်ကျင်တဲ့လုပ်ရပ်အဖြစ် ရှုတ်ချလိုက်ပြီး၊ ဒီမိုကရေစီရှေ့ရှု‌နေတဲ့ လမ်းကြောင်းကို ပျက်ပြားအောင် ရည်ရွယ်တဲ့လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဆက်လက်ပြီး - ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွှတ်ပြီး၊ မူလတာဝန်တွေ ပြန်လည်အပ်နှင်းရေး တိုက်တွန်းဖို့လည်း ဂျပန်လွှတ်တော်အမတ်တွေက ဂျပန်အစိုးရကို ပြောဆိုခဲ့ကြပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူဖို့ ဂျပန်အမတ်တွေ တောင်းဆို အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူဖို့ ဂျပန်အမတ်တွေ တောင်းဆို Reviewed by THITHTOOLWIN on 01:19 Rating: 5

No comments:

Powered by Blogger.