နေပြည်တော်မှာ မနေ့က ဆန္ဒပြပွဲအတွင်း ဖမ်းခံရသူတချို့ ပြန်လွတ်လာ

 

နေပြည်တော်မှာမနေ့က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေအပါအဝင် ပြည်သူ ၁၀၀ ကျော်ထဲက တချို့ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မွန်းလွဲပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီလို့ နေပြည်တော် ဘီဘီစီသတင်းထောက်က သတင်းပေးပို့ပါတယ်။

နေပြည်တော်မှာ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်က နွေဦးတော်လှန်ရေး၊ ပြိုင်တူစုရုံး ၂ ငါးလုံးအထွေထွေသပိတ်လှုပ်ရှားမှုဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်က ပိတ်ဆို့ဖြိုခွင်းပြီးဖမ်းဆီးခဲ့ရာမှာ အနည်းဆုံး လူ ၁၀၀ ထက်မနည်းဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖမ်းဆီးခံရ သူ ၂၀၀ နီးပါးရှိခဲ့ပြီး ဒီနေ့ ပြန်လွတ်လာတာ ကတော့ သုံးပုံနှစ်ပုံလောက်ရှိမယ်လို့ လည်းပြန်လည်လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။

ခေါင်းဆောင်လို့ ယူဆသူအချို့ကို ရဲတပ်ဖွဲ့ဘက်က ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီးတော့ အသိမ်းခံလိုက်ရတဲ့ ဖုန်းနဲ့ ဆိုင်ကယ်တွေ ပြန်မရသေးကြောင်းလည်း လွတ်မြောက်လာသူတွေက ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကို NLD ပါတီဝင်ဟုတ်မဟုတ် မေးမြန်းကြောင်းနဲ့ ဆန္ဒပြမှုမှာ ဘာလို့ ဝင်ပါတာလဲဆိုတာကို မေးမြန်းခဲတယ်လို့လည်းဘီဘီစီကို လွတ်မြောက်လာသူတွေက ပြောပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56140135

နေပြည်တော်မှာ မနေ့က ဆန္ဒပြပွဲအတွင်း ဖမ်းခံရသူတချို့ ပြန်လွတ်လာ  နေပြည်တော်မှာ မနေ့က ဆန္ဒပြပွဲအတွင်း ဖမ်းခံရသူတချို့ ပြန်လွတ်လာ Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.