၂၀၂၁ မြန်မာ စစ်အာဏာသိမ်း- ရန်ကုန်က ဆန္ဒပြကားတချို့ အကြမ်းဖက် ရိုက်နှက်ခံရ


အကြမ်းဖက်ရိုက်နှက်ခံရတဲ့ ကားတွေပေါ်က တစ်ဦးက နံနက် ၁၀ နာရီ ဝန်းကျင်မှာ ရိုက်နှက်သူတွေဟာ ဘုန်းကြီးကျောင်းထဲက ထွက်လာပြီး မချေမငံ ပြောဆိုကြောင်း၊ အဲဒီလို ပြောဆိုတာကို ကားတွေပေါ်က ဗီဒီယို ရိုက်ခဲ့ကြောင်း၊ အဲဒီလို ဗီဒီယို ရိုက်တဲ့အတွက် သွားနေတဲ့ကားတွေပေါ်ကို ဝါးတုတ်၊ သံတုတ်တွေနဲ့ လှမ်းရိုက်ခဲ့ကြောင်း ပြောပါတယ်။

ရန်ကုန်မှာ စစ်အုပ်ချုပ်ရေး အလိုမရှိကြောင်း ဆန္ဒပြထုတ်ဖော်မှုတွေ အရှိန်ကောင်းနေသလို တဖက်မှာလည်း အကြမ်းဖက်ခံရမှုတချို့ ဖြစ်ခဲ့ပါတယ်။

ရန်ကုန်မြို့၊ ဗဟန်း (၃)လမ်းအနီးမှာ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက လမ်းပေါ်သွားနေတဲ့ အိမ်စီးကားအချို့ အကြမ်းဖက်ခံရတာနဲ့ ကားမှန်တွေ ဖျက်ဆီးခံရတာတွေ ဖြစ်ခဲ့တာပါ။

ဒါဟာ ကားပိတ်ဆို့ ဆန္ဒပြမှု စတင်ခဲ့အပြီး နောက်တစ်နေ့မှာ လမ်းပေါ်မှာ ဖြည်းဖြည်းသွားနေတဲ့ ကားတွေနဲ့ ကားပေါ်ပါ လူတချို့ အကြမ်းဖက် ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။

သင်္ဃန်းဝတ်ထားသူအချို့နဲ့ အရပ်ဝတ်လူအချို့က ဆဲဆိုအော်ဟစ်ပြီး တုတ်၊ ဓားတွေနဲ့ ကားမှန်တွေကို ရိုက်ခွဲဖျက်ဆီးခဲ့တယ်လို့ အကြမ်းဖက်ခံရသူ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။ ရိုက်နှက်ဖျက်ဆီးခံရတဲ့ အိမ်စီးကားအချို့မှာတော့ အာဏာသိမ်းဆန့်ကျင်ကြောင်း လှုပ်ရှားမှုစတစ်ကာတွေကို ကပ်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်က ဆန္ဒပြကားတချို့ ရိုက်နှက်ခံရ

အဲဒီလို အကြမ်းဖက်နေတာကြောင့် အနီးအနားကလူတွေက ကူညီဖို့ စုရုံးရောက်လာတဲ့အခါမှာတော့ ကမ္ဘာအေးဘုရား လမ်းပေါ်က ဘုန်းကြီးကျောင်းတစ်ကျောင်းထဲကို ကျူးလွန်သူတွေ ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အဲဒီဘုန်းကြီးကျောင်းထဲ ဝင်သွားတဲ့လူတွေနဲ့ သင်္ကန်းဝတ်တချို့ကို ပြန်ထုတ်ပေးဖို့ ဘုန်းကြီးကျောင်းရှေ့မှာ လူအများကတောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီဘုန်းကြီးကျောင်းထဲက သံဃာအချို့ ထွက်လာပြီး ဖြေရှင်းပေမယ့် တိကျတဲ့အဖြေမရဘူးလို့ ဆိုပါတယ်။

ရန်ကုန်က ဆန္ဒပြကားတချို့ ရိုက်နှက်ခံရ

အကြမ်းဖက် ရိုက်နှက် ဖျက်ဆီးခဲ့သူတွေဟာ ဘယ်သူဘယ်ဝါမှန်း မသိပေမဲ့ ကားတွေက လမ်းတွေမှာ မီးပွိုင့်မမိဘဲ တမင် ရပ်ထားသလို လုပ်ဆောင်နေတာကြောင့် လမ်းပိတ်ဆို့တာတွေ ဖြစ်တယ်လို့ ထွက်လာ ဖြေရှင်းတဲ့ ရဟန်းတစ်ပါးက ပြောပါတယ်။

မနေ့က ရန်ကုန်မြို့နဲ့ မူဆယ်နယ်စပ် ကုန်စည်ပို့ဆောင်ရေး လမ်းအပါအဝင် လမ်းတွေမှာ ကားတွေ ပိတ်ဆို့ ဆန္ဒပြခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့မှာ မနေ့က လမ်းပိတ်ဆို့ ဆန္ဒပြမယ့်နေရာတွေမှာ ရဲတပ်ဖွဲ့ လုံခြုံရေးတွေ ကြိုတင်ချထားတာကို တွေ့ရပေမဲ့ ဆန္ဒပြသူတွေက တခြားနေရာတွေမှာ သွားရောက် ဆန္ဒပြတာနဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် ကားတွေကို ဖြည်းဖြည်းမောင်းနှင်ကြတာတွေကို တွေ့ရပါတယ်။

အကြမ်းဖက် ရိုက်နှက်ခံရတဲ့ ကားတွေပေါ်က တစ်ဦးက နံနက် ၁၀ နာရီ ဝန်းကျင်မှာ ရိုက်နှက်သူတွေဟာ ဘုန်းကြီးကျောင်းထဲက ထွက်လာပြီး မချေမငံ ပြောဆိုကြောင်း၊ အဲဒီလို ပြောဆိုတာကို ကားတွေပေါ်က ဗီဒီယို ရိုက်ခဲ့ကြောင်း၊ အဲဒီလို ဗီဒီယို ရိုက်တဲ့အတွက် သွားနေတဲ့ကားတွေပေါ်ကို ဝါးတုတ်၊ သံတုတ်တွေနဲ့ လှမ်းရိုက်ခဲ့ကြောင်း ပြောပါတယ်။

ရန်ကုန်က ဆန္ဒပြကားတချို့ ရိုက်နှက်ခံရ

အဲဒီ ရိုက်နှက်မှုမှာ ကားလေးစီးလောက် အရိုက်ခံရပြီး ကားပေါ်က လူတချို့ ရိုက်နှက်ခံရကြောင်းနဲ့ အဲဒီလို ရိုက်နှက်ခံရမှုမှာ ရဲတပ်ဖွဲ့က အမှုဖွင့်ပေးဆောင်ရွက်ပေးတာက လွဲလို့ တခြားလုပ်ဆောင်ပေးလို့ မရဘူးလို့ ပြောဆိုကြောင်းလည်း သိရပါတယ်။

ညနေပိုင်းမှာတော့ ကျူးလွန်သူ သင်္ကန်းဝတ်နဲ့လူအချို့ဟာ အဲဒီဘုန်းကြီးကျောင်းထဲကနေ နောက်ထပ်ဘုန်းကြီးကျောင်း တစ်ခု ထဲကို ထပ်ဝင်သွားတယ်ဆိုတာကြောင့် ရေတာရှည်လမ်းဟောင်းထဲမှာ ရုန်းရင်းဆန်ခတ်နဲ့ လူစုလူဝေးတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီဘုန်းကြီးကျောင်းထဲကိုဝင်ရှာကြမယ်ဆိုတဲ့ အချိန်မှာလည်း ရဲတပ်ဖွဲ့က မီဒီယာကို ဝင်ခွင့်မပေးလို့ ရပ်ကွက်နေလူထုနဲ့ ရဲတပ်ဖွဲ့ကြား ပြဿနာတချို့ဖြစ်ခဲ့ပါတယ်။

ညနေပိုင်းမှာတော့ ဝင်ရောက်ရှာဖွေခွင့်ရပေမယ့် အကြမ်းဖက်သူတွေ ဟုတ်မဟုတ်ကတော့ အတည်ပြုလို့မရသေးဘူးလို့ သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/56117401

၂၀၂၁ မြန်မာ စစ်အာဏာသိမ်း- ရန်ကုန်က ဆန္ဒပြကားတချို့ အကြမ်းဖက် ရိုက်နှက်ခံရ  ၂၀၂၁ မြန်မာ စစ်အာဏာသိမ်း- ရန်ကုန်က ဆန္ဒပြကားတချို့ အကြမ်းဖက် ရိုက်နှက်ခံရ Reviewed by THITHTOOLWIN on 02:52 Rating: 5

No comments:

Powered by Blogger.