ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင်တို့ကို အောင်မြေသာစံတရားရုံးမှာ ရုံးထုတ်မှာမို့ ပြည်သူတွေစောင့်ဆိုင်းနေ
ဒီနေ့ ဖေဖော်ဝါရီ ၁၈ ရက် မနက် အောင်မြေသာစံမြို့နယ် တရားရုံးမှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင်ကို ရုံးထုတ်မယ်ဆိုပြီး သတင်းထွက်ပေါ်နေပါတယ်။
ဒါကြောင့် ပြည်သူလူထုက မြို့နယ်တရားရုံးရှေ့ကိုရောက်ရှိစုဝေးနေကြပြီး ဒီနှစ်ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ နဲ့ ဆွဲဆိုမယ်လို့သိရပေမယ့် မြို့တော်ဝန်ကို ဆွဲဆိုမယ့် ပုဒ်မတော့ မသိသေးပါဘူး။
BBC Burmese
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင်တို့ကို အောင်မြေသာစံတရားရုံးမှာ ရုံးထုတ်မှာမို့ ပြည်သူတွေစောင့်ဆိုင်းနေ
Reviewed by THITHTOOLWIN
on
20:03
Rating:
No comments:
Post a Comment