မြန်မာ့သတ္တုတွင်းထွက် တရုတ်တင်ပို့မှု ထိခိုက်လာနိုင်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာ

မြန်မာနိုင်ငံတွင်းစစ်အာဏာသိမ်းမှုကြောင့် သတ္တုနဲ့တွင်းထွက်ပစ္စည်းတွေ တင်ပို့မှုတွေကျလာမှာကို အိမ်နီးချင်းတရုတ်ဖက်က စိုးရိမ်နေပါတယ်။

သံဖြူ၊ ကြေးနီနဲ့ မြေရှားသတ္တု (Rare Earth) စျေးနှုန်းတွေမြင့်တက်နေချိန်မှာ ကမ္ဘာ.သတ္တုအများဆုံးတင်သွင်းနေရတဲ့ တရုတ်အနေနဲ့ အခုလို စိုးရိမ်လာတာပါ။ ကိုဗစ်ကပ်ရောဂါကန့်သတ်ချက်တွေကြောင့်လည်း ဒီမတိုင်ခင်ကတည်းက မြန်မာဖက်က သတ္တုနဲ့တွင်းထွက်တင်ပို့မှုတွေ ကျဆင်းခဲ့ပါတယ်။

မြန်မာဟာ ကမ္ဘာမှာ သံဖြူတတိယအများဆုံးတင်ပို့တဲ့နိုင်ငံအဖြစ် နိုင်ငံတကာသံဖြူလုပ်ငန်းအသင်းက သတ်မှတ်ထားပြီး၊ ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းမှာ တရုတ်နိုင်ငံထဲ တင်သွင်းတဲ့ သံဖြူအကြမ်းထည် ၉၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံဖက်ကဖြစ်ပါတယ်။

တရုတ်မှာ ဒီသံဖြူကျိုချက်မူလုပ်ငန်းအဓိကလုပ်နေတာ မြန်မာနဲ့ နယ်ချင်းစပ် ယူနန်ပြည်နယ်ဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် ကိုဗစ်ကပ်ဘေးကြောင့် မြန်မာဖက်က သံဖြူကုန်ကြမ်းတင်ပို့မှုဟာ ၁၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

ဒါပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝဒေသကနေ ဒီ သံဖြူအကြမ်းထည်တင်ပို့မူကတော့ နိုင်ငံထဲ စစ်အာဏာသိမ်းမူကြောင့် ထိခိုက်မူမရှိသေးပဲ တင်ပို့မူတွေဆက်ရှိနေတယ်လို့ ဒီ နိုင်ငံတကာသံဖြူအသင်းက ဆိုပါတယ်။

ကမ္ဘာပေါ်မှာ ကြေးနီတင်ပို့မူ ၁၈ နိုင်ငံမြောက်အများဆုံးဖြစ်တဲ့ မြန်မာအနေနဲ့ ကြေနီထုတ်လုပ်ရေးလုပ်ငန်းမှာ တရုတ်ရဲ့ ဝမ်ဘောင်ကုမဏီနဲ့ စစ်တပ်လုပ်ငန်း Niroco ဦးဆောင်တဲ့အဖွဲ့တွေနဲ့ဖက်စပ်လုပ်ကိုင်နေတာရှိပါတယ်။

ကွန်ပြူတာနဲ့ စစ်ပစ္စည်းတွေထုတ်ရာမှာသုံးတဲ့ တွင်းထွက် ၁၇မျိုးပါ မြေရှားသတ္တုအများဆုံးထုတ်တဲ့တရုတ်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ထဲ ဒီသတ္တုတဝက်ပမာဏရရေးမြန်မာနိုင်ငံအပေါ် မှီခိုနေရသေးတယ်လို့ Adamas Intelligence အဖွဲ့ စီမံညွှန်ကြားရေးမူ Ryan Castilloux က ဆိုပါတယ် ခင်ဗျာ။


ကိုဝင်းမင်း/ VOA Burmese

https://burmese.voanews.com/a/china-rare-earth-tin-copper-import-from-myanmar/5773435.html

မြန်မာ့သတ္တုတွင်းထွက် တရုတ်တင်ပို့မှု ထိခိုက်လာနိုင် မြန်မာ့သတ္တုတွင်းထွက် တရုတ်တင်ပို့မှု ထိခိုက်လာနိုင် Reviewed by THITHTOOLWIN on 07:50 Rating: 5

No comments:

Powered by Blogger.