ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးကောင်းတယ်လို့ ရှေ့နေပြော

ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးကောင်းတယ်လို့ ရှေ့နေပြော ဒေါက်တာ ဇော်မြင့်မောင်ကို၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က မြင်တွေ့ခဲ့ရစဉ် / Photo- Dr Zaw Myint Maung Facebook

မန္တလေးအကျဉ်းထောင်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးကောင်းမွန်တယ်လို့ သူရဲ့ရှေ့နေက ပြောပါတယ်။

ဒီနေ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် တရားရုံးမှာ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ဒုတိယအကြိမ် စစ်ဆေး ဆောင်ရွက်ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အထောက်အကူအဖွဲ့ ဥပဒေပညာရှင် ဒေါ်ရွက်နုအောင်နဲ့ ဒေါက်တာ ဇော်မြင့်မောင်တို့ အွန်လိုင်းကနေ စကားပြောခွင့်ရခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်တွေဟာ နိုင်ငံတော် အစိုးရနဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ကျူးလွန်ချင်လာအောင် ဆောင်ရွက်ခဲ့တယ်ဆိုပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို ဖမ်းဆီး တရားစွဲ ဆိုထားတာပါ။

တရားလိုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင် ဖြစ်ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ကို အစိုးရနေအိမ်ကနေ အခုလ (၇) ရက်နေ့ကတည်းက ဒုတိယ အကြိမ် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ ဇော်မြင့်မောင် အပြင် မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်အား အာဏာသိမ်း စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ)နဲ့ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် တရားရုံးမှာ တရားစွဲထားပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဇေယျကိုလည်း အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲ

ဒီနေ့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

သူဟာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိဘူးဆိုပြီး အခုလ ၃ ရက်နေ့က နုတ်ထွက်စာ တင်ထားသူဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မန္တလေးခရိုင် အလုပ်အမှုဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/dr-zawmyintmaung-is-in-good-health-02222021022342.html

ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးကောင်းတယ်လို့ ရှေ့နေပြော  ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးကောင်းတယ်လို့ ရှေ့နေပြော Reviewed by THITHTOOLWIN on 18:30 Rating: 5

No comments:

Powered by Blogger.