ခရီးမသွားရမယ့် အန္တရာယ် အဆင့် ၄ နိုင်ငံအဖြစ် မြန်မာပြည်ကို အမေရိကန် သတ်မှတ်ထား


မြန်မာနိုင်ငံဟာ ခရီးမသွားသင့်တဲ့ နိုင်ငံ Level 4 အနီရောင် အဆင့် အဖြစ် အမေရိကန် နိုင်ငံခြားရေး ဌာနက သတ်မှတ်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အမေရိကန် အစိုးရ ၀န်ထမ်းတွေထဲက မနေမဖြစ်သူတွေကလွဲပြီး ကျန်တဲ့သူတွေနဲ့ မိသားစု၀င်တွေ အမေရိကန်ကို ပြန်လာချင်တယ်ဆို ပြန်လာနိုင်တယ် ဆိုပြီး အမေရိကန် အစိုးရက ခွင့်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံကို ခရီးမသွားနဲ့ ဆိုပြီး ပြောရတာဟာ ကိုဗစ်ရောဂါ ပြဿနာကြောင့်ရော၊ နိုင်ငံတလွှား ဆန္ဒပြပွဲတွေ ပေါ်ပေါက်ပြီး မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေကြောင့်ရော ဆိုပြီး အမေရိကန် ဌာနက အကြောင်းပြချက် ပေးပါတယ်။

တချို့နေရာတွေမှာဆို လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတယ်လို့လည်း သူတို့ရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာမှာ ရေးထားပါတယ်။

အမေရိကန်ရဲ့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဌာန CDC ကလည်း ကိုဗစ်ရောဂါ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အန္တရာယ် အဆင့် ၄ အဖြစ် သတ်မှတ်ထားတယ်လို့ နိုင်ငံခြားရေးဌာနက သူတို့ရဲ့ အမေရိကန် နိုင်ငံသားတွေကို ထပ်လောင်း သတိပေးပါတယ်။

ဒါ့အပြင်၊ အရွေးကောက်ခံ အစိုးရ ခေါင်းဆာင်တွေကို မြန်မာ စစ်တပ်က ဖယ်ရှားပြီး၊ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အတွက် မြန်မာပြည်သူတွေ ဆန္ဒပြနေတာမှာ အဲဒီလို အခြေအနေမျိုးတွေ ဆက်ပြီး ဖြစ်နေလိမ့်ဦးမယ်လို့ ခန့်မှန်းထားတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ခရီးသွားခြင်းဆိုင်ရာ အကြံပြုတဲ့ ၀က်ဘ်ဆိုက် စာမျက်နှာမှာ ရေးသားထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56046651

ခရီးမသွားရမယ့် အန္တရာယ် အဆင့် ၄ နိုင်ငံအဖြစ် မြန်မာပြည်ကို အမေရိကန် သတ်မှတ်ထား ခရီးမသွားရမယ့် အန္တရာယ် အဆင့် ၄ နိုင်ငံအဖြစ် မြန်မာပြည်ကို အမေရိကန် သတ်မှတ်ထား Reviewed by THITHTOOLWIN on 08:57 Rating: 5

No comments:

Powered by Blogger.