ရွှေးကောက်ပွဲကော်မရှင်အသစ်က ပါတီတွေနဲ့တွေ့မယ်လို့စာပို့

ရွေးကောက်ပွဲ စနစ်ကို PR စနစ်ပြောင်းမယ်လို့ ခန့်မှန်းမှုတွေရှိ

အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ ရွှေးကောက်ပွဲကော်မရှင် အသစ်က ပါတီတွေနဲ့တွေ့ဆုံညှိနှိုင်းဖို့ နေပြည်တော်ကို ဖိတ်ကြားထားတယ်လို့ ဖိတ်ကြားခံရတဲ့ နိုင်ငံရေးပါတီတွေဘက်က သိရပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေမှာ နေပြည်တော်ကို လာရောက်နိုင်ခြင်းရှိမရှိ စာရင်းပေးဖို့နဲ့ တည်းခိုဖို့အတွက် စီစဥ်ဖို့ အတွက် ကြိုတင်စာရင်းပေးကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘယ်အကြောင်းရာကို ဆွေးနွေးမယ်ဆိုတာ မသိရပေမဲ့ အာဏာသိမ်းစစ်ကောင်စီ က ကျင်းပမယ်ပြောထားတဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ဖြစ်နိုင်တယ်လို့ပြောကြသလို ၂၀၁၄ ခုနှစ်က အမျိုးသား လွှတ်တော် မှာ ကျင့်သုံးဖို့ ကြိုးစားခဲ့တဲ့ အချိုးကျ ကိုယ်စားပြု PR စနစ် နဲ့ပတ်သက်ပြီး ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းမှုတွေရှိပါတယ်။

ကော်မရှင်ဘက်ကိုတော့ ဘီဘီစီက ဆက်သွယ်အတည်ပြုနိုင်ခဲ့ခြင်းတော့မရှိပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ရွှေးကောက်ပွဲကော်မရှင်အသစ်က ပါတီတွေနဲ့တွေ့မယ်လို့စာပို့  ရွှေးကောက်ပွဲကော်မရှင်အသစ်က ပါတီတွေနဲ့တွေ့မယ်လို့စာပို့ Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.