ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောန် တန်နယ်လ် ထိန်းသိမ်းခံရ


သူ့ကို စွပ်စွဲချက် တစ်ခုခုနဲ့ အမှုဖွင့်ခံထားရပြီး ဘာအမှုနဲ့လဲဆိုတာကိုတော့ သူမသိဘူး၊ သူ့မှာ ဘာအပြစ်မှ မရှိဘူး လို့ ရှောန် တန်နယ်လ်က ရိုက်တာစ် သတင်းဌာနကို မက်ဆေ့ဂျ် ပေးပို့ အသိပေးခဲ့ကြောင်း ရိုက်တာစ်သတင်းမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စီးပွားရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ပေးနေတဲ့ သြစတြေးလျလူမျိုး စီးပွားရေး ပညာရှင် ရှောန် တန်နယ်လ်ဟာ သြစတြေးလျနိုင်ငံ မက်ကွိုင်းယား တက္ကသိုလ်က စီးပွားရေး ပါမောက္ခ တစ်ဦး ဖြစ်ပြီး ၂၀၁၇ ခုနှစ် ကတည်းက နေပြည်တော်မှာ နေနေတာ ဖြစ်ပါတယ်။

မစ္စတာ ရှောန် တန်နယ်လ် ထိန်းသိမ်းခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး သြစတြေးလျ အစိုးရအနေနဲ့ အကြီးအကျယ် စိုးရိမ်နေကြောင်း ပြောဆိုခဲ့တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မရီးစ် ပိန်းက ပြောပါတယ်။

ဒါဟာ ဖေဖော်ဝါရီလ ၁ ရက်က စစ်အစိုးရ အာဏာသိမ်းခဲ့ပြီးချိန်ကစလို့ နိုင်ငံခြားသား တစ်ဦးကို ပထမဆုံးအကြိမ် ထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောန် တန်နယ်လ် ထိန်းသိမ်းခံရ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောန် တန်နယ်လ် ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 20:58 Rating: 5

No comments:

Powered by Blogger.