မြန်မာအရပ်သားအစိုးရကိုပါ အင်ဒိုနီးရှား ဆက်သွယ်ညှိနှိုင်းနေ

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi။ (နိုဝင်ဘာ ၂၃၊ ၂၀၁၉)

မြန်မာနိုင်ငံတွင်း ပြဿနာရပ်ကို ဖြေရှင်းနိုင်ဖို့အတွက် အင်ဒိုနီးရှားအနေနဲ့ မြန်မာစစ်တပ်နဲ့ရော၊ အတိုက်အခံအရပ်သားအစိုးရနဲ့ပါ အပြင်းအထန်ဆွေးနွေးပြောဆိုနေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၊ မြန်မာစစ်ကောင်စီရဲ့ထိပ်တန်းသံတမန်တို့နဲ့ ဘန်ကောက်မြို့မှာဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲအတွင်းမှာ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောလိုက်တာပါ။ အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ကြဖို့၊ အကြမ်းမဖက်ဖို့နဲ့ သွေးမြေကျထိခိုက်မှုတွေကို ရှောင်ရှားဖို့အတွက် တိုက်တွန်းပါတယ်လို့လည်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ မြန်မာလူထုဆန္ဒကို လေးစားလိုက်နာဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာအရပ်သားအစိုးရနဲ့ ဆက်သွယ်စကားပြောဆိုနေတယ်ဆိုရာမှာ ဘယ်အဆင့်၊ ဘယ်ပုဂ္ဂိုလ်နဲ့ ဆွေးနွေးပြောဆိုနေသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-coup-indo-diplomacy/5790848.html

မြန်မာအရပ်သားအစိုးရကိုပါ အင်ဒိုနီးရှား ဆက်သွယ်ညှိနှိုင်းနေ မြန်မာအရပ်သားအစိုးရကိုပါ အင်ဒိုနီးရှား ဆက်သွယ်ညှိနှိုင်းနေ Reviewed by THITHTOOLWIN on 19:46 Rating: 5

No comments:

Powered by Blogger.