မုံရွာ၊ဖေဖော်ဝါရီ - ၈
မုံရွာမြို့နယ်အတွင်း လူငါးဦးထက်ပို၍ မြို့တွင်းလမ်းမကြီးများနှင့် လမ်းသွယ်များအပြင် အများပြည်သူနှင့်ဆိုင်သော နေရာများတွင်စုဝေးခြင်းမပြုကြရန်နှင့် ည ၈နာရီမှ နံနက် ၄နာရီအတွင်း မထွက်ရန် ပုဒ်မ ၁၄၄ ဒေသန္တရအမိန့် ယနေ့ထုတ်ပြန်သည်။
လူတစ်ချို့သည် အများပြည်သူ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် စိုးရိမ်ဖွယ်အပြုအမူများကို ဆောင်ရွက်နေသည်ကို တွေ့ရသည်ဟု ထုတ်ပြန်စာတွင် ပါရှိသည်။
" တိုင်းစီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်ချက်နဲ့အညီထုတ်ပြန်ရတာပါ။စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်လေးခုမှာ ထုတ်ပြန်တာပါ။ အများပြည်သူတွေရဲ့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်မှာစိုးလို့ အခုလိုထုတ်ပြန်တာပါ" ဟု မုံရွာမြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှ တာဝန်ရှိသူကပြောသည် ။
ပုဒ်မ ၁၄၄ ထုတ်ပြန်သော နောက်ထပ်မြို့များမှာ စစ်ကိုင်း၊ရွှေဘို၊ကလေး တို့ဖြစ်သည်။
အမိန့်အာဏာတည်ရက်ကို အကန့်အသက်မရှိထားရှိပြီး နောက်ထပ် အမိန့်မထုတ်မပြန်မချင်း အတည်ဖြစ်ကြောင်း ကြေညာထားသည်။
Monywa Gazette
No comments:
Post a Comment