ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းမှား

(ပုံစာ - ထိုင်းနိုင်ငံရောက် မြန်မာများ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေလုပ်နေစဉ်)

ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းကြောင့် ပြည်သူလူထုအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး လမ်းမပေါ်ထွက် အောင်ပွဲခံတာတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း တကယ်တန်းမှာ ဘယ်သတင်းဌာနကမှ ကြေညာသွားခဲ့တာ မရှိသလို ဒီသတင်းကို NLD ပါတီကလည်း ထုတ်ဖော် အတည်ပြုတာမျိုး မရှိပါဘူး။

မြန်မာမီဒီယာစင်တာက တာဝန်ရှိသူ ဒေါ်လှလှဝင်းကတော့“ဒီလို သတင်းရင်းမြစ်တွေ လေ့လာလိုက်တဲ့အခါ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ရပ်ကွက်တွေထဲ ပတ်ပြီး အော်တယ် ဆိုတာမျိုး သိရပါတယ်။ ကျွန်မတို့ အမြင်တော့ ဒါဟာ မနက်ဖန်မှာ ထွက်လာမယ့် လူအုပ်ကို တားဖို့ Cyber War လုပ်နေတာလို့ မြင်ပါတယ်”လို့ ဘီဘီစီကို ပြောပါတယ်။


BBC Burmese

https://www.facebook.com/BBCnewsBurmese


ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းမှား ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ် ဆိုတဲ့ သတင်းမှား Reviewed by THITHTOOLWIN on 02:01 Rating: 5

No comments:

Powered by Blogger.