ထားဝယ်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၄ဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိနေ



ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မနက်ပိုင်းမှာ ထားဝယ်မြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှု ကြောင့် ကျည်ထိမှန်ဒဏ်ရာရသူတွေအနက် ၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သပိတ် စစ်ကြောင်းတွေမှာလိုက်လံကူညီပေးနေတဲ့ ထားဝယ်မြို့အခြေစိုက်ဇဗ္ဗူသီရိပရဟိတ အဖွဲ့က တာဝန်ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ‘ ‘ သေတာကတော့ အမျိုးသားချည်းပဲ ၄ဦး။ 

ဆုံးသွားတဲ့သူတွေကတော့ ထားဝယ်၊ရေဖြူနဲ့လောင်းလုံ မြို့တွေကပါ။ ဒဏ်ရာရသူတွေလည်းမနည်းဘူး။’’လို့ သူကပြောပါတယ်။ 

ဒါ့အပြင် ဆန္ဒပြလူအုပ်ကို ဖြိုခွင်းရာမှာ ဖမ်းဆီးခံရသူ လေးဆယ်ထက်မနည်းရှိနေတယ်လို့လည်း သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ထားဝယ်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၄ဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိနေ ထားဝယ်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၄ဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိနေ Reviewed by THITHTOOLWIN on 12:59 Rating: 5

No comments:

Powered by Blogger.