သတင်းရယူစဉ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိစ္စ



မုံရွာဂေဇက် ဂျာနယ်သည် စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက်၍ ဒေသတွင်းဖြစ်ပျက်နေသော သတင်းများကို သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ ထုတ်လွှင့်ရေးသားဖော်ပြနေသော တရားဝင်မီဒီယာတစ်ခုဖြစ်ပါသည်။

ယနေ့နံနက်ပိုင်းက မုံရွာဂေဇက်၏ အမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်ဝင်းသည် မုံရွာဂေဇက် ဖေ့စ်ဘွခ် စာမျက်နှာမှတဆင့် မုံရွာမြို့၏ လတ်တလောအခြေအနေများကို ထုတ်လွှင့်တင်ဆက်နေစဉ် အရပ်ဝတ်များမှ ရိုက်နှက်၍ အချုပ်ကားပေါ်သို့ အကြမ်းဖက်တင်ဆောင်ခေါ်သွားပါသည်။

ဖမ်းဆီးခြင်းကိစ္စအား ယခုချိန်အထိ မိမိတို့သတင်းမီဒီယာတိုက်သို့ ဆက်သွယ်အကြောင်းကြားခြင်း မရှိပါ။ 

မိမိတို့သတင်းဌာနမှ ကျင့်ဝတ်နှင့်အညီ သတင်းရယူနေသူအပေါ် သက်ဆိုင်ရာမှ မည်သို့ဆောင်ရွက်ထားသည်ကို ဆက်သွယ်ရန် အသိပေးအပ်သည်။

ကိုသစ္စာ

တာဝန်ခံအယ်ဒီတာ

မုံရွာဂေဇက်ဂျာနယ်။

၀၉-၉၇၆၂၀၇၉၈၀


Monywa Gazette

https://www.facebook.com/monywagazette/

သတင်းရယူစဉ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိစ္စ သတင်းရယူစဉ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိစ္စ Reviewed by THITHTOOLWIN on 23:16 Rating: 5

No comments:

Powered by Blogger.