မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီမှာ အထူးအစည်းအဝေးခေါ်မည်

မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီမှာ အထူးအစည်းအဝေးခေါ်မည်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တာကြောင့် နောက်ဆက်တွဲ နိုင်ငံရေးအကျပ်အတည်းတွေ ပေါ်ပေါက်နေတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ သောကြာနေ့ကျရင် အထူးအစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။ 

ဥရောပသမဂ္ဂ (EU) နဲ့ ဗြိတိန်နိုင်ငံတို့က အထူးအစည်းအဝေးပွဲ ကျင်းပဖို့ ဒီနေ့ပဲ ပူးတွဲ တောင်းဆိုလိုက်ပြီးနောက် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံထဲက ၁၉ နိုင်ငံက ထောက်ခံခဲ့တာကြောင့် အစည်းအဝေး ကျင်းပဖို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ 

လူ့အခွင့်အရေး ကောင်စီက နှုတ်ထွက်ရာကနေ ဒီကနေ့ပဲ ပြန်လည် ပါဝင်လာတဲ့ အမေရိကန် ပြည်ထောင်စုကလည်း မြန်မာ့အရေး အထူးအစည်းအဝေးပွဲ ခေါ်ယူဖို့ ထောက်ခံခဲ့တာပါ။ 

ဗြိတိန်သံအမတ်ကြီး Julian Braithwaite ကတော့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေအပေါ် ကြီးမားတဲ့ အကျိုးဆက်တွေ ရှိနေတာကြောင့် အထူးအစည်းအဝေး ခေါ်ယူဖို့ တင်ပြခဲ့ရတာဖြစ်ကြောင်း ဒီကနေ့ပဲ ပြောဆိုထားပါတယ်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ အစိုးရခေါင်းဆောင်တွေကို ချက်ချင်း ပြန်လွှတ်ဖို့ ပြီးခဲ့တဲ့တပတ်က တခဲနက် တောင်းဆိုထားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီမှာ အထူးအစည်းအဝေးခေါ်မည် မြန်မာ့အရေး လူ့အခွင့်အရေးကောင်စီမှာ အထူးအစည်းအဝေးခေါ်မည် Reviewed by THITHTOOLWIN on 04:17 Rating: 5

No comments:

Powered by Blogger.