ဒီနေ့ ရန်ကုန်သပိတ်တွေဖြိုခွင်းမှုကနေ ဖမ်းဆီးခံရသူတွေကို အချုပ်ကား ၁၀ စီးကျော်နဲ့ အင်းစိန်ထောင်ကိုပို့၊ ဖမ်းထားသူတွေပြန်လွှတ်ပေးဖို့ ထောင်ရှေ့ စုရုံး


ဒီနေ့ ရန်ကုန်က မြေနီကုန်း၊လှည်းတန်း၊ စမ်းချောင်း၊ တာမွေအပါအဝင် ဆန္ဒပြပွဲတွေဖြိုခွင်းခံရပြီး အဲဒီက ဖမ်းဆီးခံရတဲ့သူတွေကို ညနေ ၆ နာရီခန့်မှာ အင်းစိန်ထောင်ကို အချုပ်ကားတွေနဲ့ ပို့ဆောင်လာတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

အချုပ်ကားစုစုပေါင်း ၁၃ စီးဝန်းကျင်ခန့်နဲ့ စစ်ကားနှစ်စီး ဝန်းရံပို့ဆောင်လာတာဖြစ်ပြီး ထောင်ရှေ့မှာတော့ ဖမ်းထားသူတွေကိုပြန်လွှတ်ပေးဖို့ မိသားစုဆွေမျိုးတွေနဲ့ပြည်သူတွေ စုရုံးရောက်ရှိနေတယ်လို့ ဖမ်းခံရသူတွေအရေးလိုက်လံဆောင်ရွက်ပေးနေတဲ့ ကိုဘုန်းမြတ်ပိုင်က ပြောပါတယ်။


အချုပ်ကားနဲ့အပြည့်ဖမ်းဆီးလာသူတွေပါလာတာကြောင့် ဖမ်းဆီးခံရသူရာဂဏန်းခန့်ရှိမယ်လို့လည်း သူက ဆက်ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ဒီနေ့ ရန်ကုန်သပိတ်တွေဖြိုခွင်းမှုကနေ ဖမ်းဆီးခံရသူတွေကို အချုပ်ကား ၁၀ စီးကျော်နဲ့ အင်းစိန်ထောင်ကိုပို့၊ ဖမ်းထားသူတွေပြန်လွှတ်ပေးဖို့ ထောင်ရှေ့ စုရုံး ဒီနေ့ ရန်ကုန်သပိတ်တွေဖြိုခွင်းမှုကနေ ဖမ်းဆီးခံရသူတွေကို အချုပ်ကား ၁၀ စီးကျော်နဲ့ အင်းစိန်ထောင်ကိုပို့၊ ဖမ်းထားသူတွေပြန်လွှတ်ပေးဖို့ ထောင်ရှေ့ စုရုံး Reviewed by THITHTOOLWIN on 19:36 Rating: 5

No comments:

Powered by Blogger.