၁။၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး၊ ပြည်သူ့အစိုးရထံ မှ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူသော အာဏာသိမ်းစစ်အုပ်စုအား အလွှာအသီးသီးသောပြည်သူလူထုက ဆန့်ကျင်ကန့်ကွက်နေကြသည်ကို တွေ့မြင်နေရပါသည်။
၂။အာဏာသိမ်းစစ်အုပ်စုကိုဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ပြည်သူ့ ဝန်ထမ်းများ သည် Civil Disobedience Movement ကို ပုံစံမျိုးစုံဖြင့်ဆောင်ရွက်နေကြသည်မှာ အားရ ကြေနပ်ဖွယ်ရာဖြစ်ပါသည်။ ထိုကဲ့သို့ဆောင်ရွက်နေသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တသားတည်း ရပ်တည်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၃ ။ထိုအပြင် ဌာနဆိုင်ရာဝန်ထမ်းများ Civil Disobedience Movement ပြုလုပ်မှုကြောင့်
အခက်အခဲကြုံတွေ့လာပါက မြို့နယ်အသီးသီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အလုပ်အမှုဆောင်များနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
၄။စစ်အာဏာသိမ်းပိုက်မှုကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန် ဆောင်ရွက်လျက်ရှိသော ပြည်သူလူထုကြီးကို အထူးကျေးဇူးတင် အသိအမှတ်ပြုပါသည်။
နေ့စဥ် ည ၈ နာရီတိုင်း သံပုံးတီးခြင်းအပါအဝင် စစ်အာဏာရှင်ပြုတ်ကျရေးကိုနည်းမျိုးစုံဖြင့်ဆက်လက်လုပ် ဆောင်သွားရန် တိုက်တွန်းအပ်ပါသည်။
၅။ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များသည် ပြည်သူနှင့်အတူ စစ်အာဏာသိမ်းပိုက်မှုကို ဆက်လက်ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိပြုအပ်ပါသည်။
ဦးသိန်းဇော်လတ်
အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ်၊ ခရမ်းမြို့နယ်
Thein Zaw Latt
https://www.facebook.com/theinzaw.latt.1
No comments:
Post a Comment