အာဏာသိမ်းစစ်အစိုးရလို့သုံးရင် မီဒီယာ ထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီပြော

 စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

နိုင်ငံပိုင် မြန်မာရုပ်မြင်သံကြားက ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည၈ နာရီမှာ သတင်းမီဒီယာတွေမှာ အာဏာသိမ်းစစ်အစိုးရလို့ သုံးနှုန်းမှုတွေကို သတိပေးထားပြီး ဆက်လက်ရေးသားမယ်ဆိုရင် ထုတ်ဝေခွင့် ပိတ်သိမ်းတဲ့ အထိ အရေးယူ သွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ က ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နေပြည်တော် စစ်ကောင်စီ အဖွဲ့ဝင်တွေရဲ့ ညှိနိုင်းအစည်းဝေးမှာသူ က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘယ်လိုသုံးနှူန်းပါလို့ မပြောဆိုသွားပေမဲ့ ဒီအသုံးနှုန်းကို သတင်းမီဒီယာကောင်စီက နေတစ်ဆင့် အသိပေးခဲ့ပြီး ဖြစ်တယ်လို့လည်း စစ်ကောင်စီ ဥက္ကဋ္ဌ ကပြောကြားခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့စွဲနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ တစ်ဆင့် ပြည်တွင်းထုတ် သတင်းစာတွေကို အာဏာသိမ်းစစ်အစိုးရ မသုံးရေး အသိပေးအကြောင်းကြားစာများပေးခဲ့ပြီး တစ်ပတ်ကျော် အကြာမှာ အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

အာဏာသိမ်းစစ်အစိုးရလို့သုံးရင် မီဒီယာ ထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီပြော  အာဏာသိမ်းစစ်အစိုးရလို့သုံးရင် မီဒီယာ ထုတ်ဝေခွင့်ပိတ်မယ်လို့ စစ်ကောင်စီပြော Reviewed by THITHTOOLWIN on 23:44 Rating: 5

No comments:

Powered by Blogger.