စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ရုံးထုတ်ဖို့ရှိ

Dr Myint Naing FB

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခံထားရတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို မတ်လ ၅ရက် နေ့ရုံးချိန်း ပေးထားတယ်လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ နီးစပ်သူ နိုင်ငံရေးအကျဥ်းသားဟောင်း ကိုသန်းဋ္ဌေးက ပြောပါတယ်။

ဒေါက်တာမြင့်နိုင်ကို ဖေဖော်ဝါရီ ၁၅ရက်နေ့က နေအိမ်ကနေ မုံရွာထောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ၅၀၅(ခ)ပုဒ်မနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲခံထားရတဲ့ စစ်ကိုင်းတိုင်း ခရိုင် NLD ဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဥပဒေချုပ် ဦးခင်မောင်လှ ကိုလည်း ဒေါက်တာမြင့်နိုင်နဲ့ အတူ မတ်လ ၅ရက်နေ့ ရုံးချိန်းပေးထားပါတယ်။

ဒေါက်တာမြင့်နိုင်လို ဖမ်းဆီးခံရပြီး ၅၀၅(ခ)နဲ့ အမှုဖွင့်ခံထားရတဲ့ ဝန်ကြီးချုပ်တွေကတော့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်တို့ ဖြစ်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဟာ“နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်၎င်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်၎င်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်”နှစ်နှစ် အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်လို့ ဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ရုံးထုတ်ဖို့ရှိ  စစ်ကိုင်းတိုင်းဝန်ကြီးချုပ် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ရုံးထုတ်ဖို့ရှိ Reviewed by THITHTOOLWIN on 21:58 Rating: 5

No comments:

Powered by Blogger.