မုံရွာမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းမှာ တပ်မတော်သားတစ်ဦး ပူးပေါင်း

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်က သပိတ်စစ်ကြောင်းမှာ တပ်ကြပ်ကြီးအဆင့်ရှိ တပ်မတော်သားတစ်ဦးပူးပေါင်း ပါဝင်လာပါတယ်။ တပ်ကြပ်ကြီးစာရေး သန်းလွင်ဟာ ဖေဖော်ဝါရီ ၁၈ ရက်၊ မနက် ၉ နာရီလောက်မှာ ဝတ်စုံပြည့်နဲ့ ပူးပေါင်းလာတာဖြစ်ပြီး ပြည်သူတွေနဲ့အတူ တနာရီကျော်ကြာ ဆန္ဒပြသပိတ်မှာ ပါဝင်ခဲ့တာပါ။

"သူ့ကြောင့် ပြည်သူတွေကို ဒုက္ခမရောက်စေချင်ဘူးလို့ ပြောတယ်။ ဝတ်စုံပြည့်နဲ့ ဝင်ရောက်ပူးပေါင်းပြီး CDM လုပ်ဆောင်တယ်။ နောက် အရပ်ဝတ်လဲပြီး သူ့ဘာသာထွက်သွားတာဗျ။ သူထွက်သွားပြီးတော့မှ အရပ်ဝတ်နဲ့ ရဲတွေက လာ‌စုံစမ်းပါတယ်" လို့ မုံရွာ‌မြို့က ကိုသန်းကျော်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ပြည်သူ့တပ်မတော်သားတွေကို ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့၊ အာဏာသိမ်းတရားမဝင်စစ်အုပ်စုကိုအလုပ်အကျွေးပြုမလား၊ ပြည်သူလူထုနဲ့ နိုင်ငံကိုကာကွယ်မလားဆိုတာ တပ်မတော်သားတွေအနေနဲ့ သေချာစဉ်းစားစေချင်တယ်လို့ ပူးပေါင်းလာတဲ့ တပ်မ‌တော်သားက သပိတ်အတွင်း မိန့်ခွန်းမှာ ပြောခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ မုံရွာမြို့က သပိတ်စစ်ကြောင်းကတော့ရဲအင်အားတွေ‌နဲ့ စောင့်ကြည့်နေပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတယ်လို့ ဒေသခံက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

မုံရွာမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းမှာ တပ်မတော်သားတစ်ဦး ပူးပေါင်း  မုံရွာမြို့ရဲ့ ပင်မသပိတ်စစ်ကြောင်းမှာ တပ်မတော်သားတစ်ဦး ပူးပေါင်း Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.