ဂျပန်သံရုံးရှေ့ ဆန္ဒဖော်ထုတ်သူတွေက ရဲအင်အားအများအပြားနဲ့ လာရောက်ဖယ်ရှား


စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ် ပြုလုပ်နေကျ စုရပ်တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့၊ ဂျပန်သံရုံးရှေ့မှာ ဆန္ဒပြနေသူတွေကို ဖေဖော်ဝါရီလ(၂၄)ရက် မနက်ပိုင်းမှာတော့ ရဲအင်အားများစွာနဲ့ လာရောက်ဖယ်ရှားခဲ့ပါတယ်။

ရန်ကုန်မှာ သံရုံးတွေနဲ့ ကုလရုံးတို့ကို ဦးတည်တဲ့ဆန္ဒပြမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ရဲနဲ့ စစ်တပ်က လုံခြုံရေးယူထားပြီး ဆန္ဒပြမှုတွေမရှိအောင် လမ်းတွေကို ပိတ်ဆို့တားဆီးခဲ့ကြပါတယ်။ 

ဒါ့အပြင် ရန်ကုန်မြို့လယ် ဆူးလေစေတီတဝိုက်မှာလည်း လုံခြုံရေးအတားအဆီးတွေချထားတာရှိပြီး ဆန္ဒပြသူတွေကတော့ လွတ်တဲ့နေရာတွေမှာ သွားရောက်ဆန္ဒဖော်ထုတ်နေကြပါတယ်။




BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ဂျပန်သံရုံးရှေ့ ဆန္ဒဖော်ထုတ်သူတွေက ရဲအင်အားအများအပြားနဲ့ လာရောက်ဖယ်ရှား  ဂျပန်သံရုံးရှေ့ ဆန္ဒဖော်ထုတ်သူတွေက ရဲအင်အားအများအပြားနဲ့ လာရောက်ဖယ်ရှား Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.