နိုင်ငံအနှံ့ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းကောင်စီ သတိပေးထား



ဒီမိုကရေစီနည်းအရ ဥပဒေနဲ့အညီ ဆန္ဒပြနိုင်ပေမဲ့ ဥပဒေမဲ့ခြိမ်းခြောက်အကျပ်ကိုင်မှု၊ အကြမ်းဖက်မှုရှိရင်တော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီက မြန်မာ့ရုပ်မြင်သံကြားကနေ မနေ့က သတိပေးကြေညာထားပါတယ်။

ဒီကနေ့ လူအမြောက်အမြား အင်အားပြ ချီတက်ဆန္ဒပြကြဖို့ရှိနေချိန်မှာ အဲဒီသတိပေးချက် ထွက်ပေါ်ခဲ့တာပါ။

ဖေဖော်ဝါရီလ၂၂ ရက်နေ့မှာ ပင်စင်စားတွေ လစာမထုတ်နိုင်အောင်တားဆီး၊ နှောင့်ယှက်၊ အဓမ္မဖိအားပေးမယ်လို့ လူမှုကွန်ရက်မှာ ပြောနေကြကြောင်းလည်း စွပ်စွဲထားပါတယ်။ အထောက်အထားတော့ ဖော်ပြတာမတွေ့ရပါဘူး။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

နိုင်ငံအနှံ့ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းကောင်စီ သတိပေးထား နိုင်ငံအနှံ့ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းကောင်စီ သတိပေးထား Reviewed by THITHTOOLWIN on 08:24 Rating: 5

No comments:

Powered by Blogger.