လူ၅ ဦးထက် ပိုမစုရနဲ့ ညမထွက်ရ အမိန့်တွေ ဆက်ထုတ်

ရန်ကုန်တိုင်းအတွင်း မြို့နယ် အချို့မှာ လူ ၅ ဦးထက်ပို မစုရနဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ချက်တွေကို လက်ခံရရှိထားကြောင်း ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကနေတစ်ဆင့် သိရပါတယ်။

ရန်ကုန်တစ်ဖက်ကမ်း ဒလ မြို့နယ်မှာလည်း လူ ၅ ဦးထက် ပိုမစုဖို့နဲ့ ည ၈နာရီကနေ မနက် ၄နာရီ ထိ ညမထွက်ဖို့ အသံချဲ့စက်နဲ့ လိုက်လံ ကြေညာနေတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းက တခြားမြို့နယ်တွေမှာတော့ အမိန့်စာ မဝင်သေးကြောင်းနဲ့ ည ၈ နာရီသတင်းမှာ မြဝတီ ရုပ်မြင်သံကြားကနေ ထုတ်ပြန်ဖို့ ရှိတယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်၊

မန္တလေးနဲ့ မုံရွာ အပါအဝင် မြို့ကြီးတချို့မှာ လူ ၅ ဦးထက် ပို မစုဝေးကြဖို့နဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာကို ဘီဘီစီက အတည်ပြုနိုင်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

လူ၅ ဦးထက် ပိုမစုရနဲ့ ညမထွက်ရ အမိန့်တွေ ဆက်ထုတ် လူ၅ ဦးထက် ပိုမစုရနဲ့ ညမထွက်ရ အမိန့်တွေ ဆက်ထုတ် Reviewed by THITHTOOLWIN on 22:25 Rating: 5

No comments:

Powered by Blogger.