မြဝတီမှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်း |
ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းက မြဝတီမြို့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ရာမှာ ရဲတွေက ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သတင်းရရှိထားပြီး ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်မှာ ရဲတွေက လူခြောက်ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
မြဝတီမြို့အတွင်း အခုလို ဆန္ဒပြမှုတွေမှာ ပါဝင်သူတွေက တိုက်ရိုက်ထုတ်လွှင့်ကြရာမှာ ဆိုင်ကယ်တွေ အများစုနဲ့ ဟွန်းတီးပြီးတော့လည်း ဆန္ဒပြကြတာကို တွေ့ရပါတယ်။
မြဝတီကအဖမ်းခံရတဲ့အမျိုးသမီးဟာ အဲ့ဒီက Child Care Foundation ရဲ့ managing director ဒေါ်ခင်ထားဖြစ်ပြီး လူငယ် ၅ယောက်က မြဝတီမြို့ခံကျောင်းသားလူငယ်တွေဖြစ်တယ်တဲ့။
အခုဆန္ဒပြသူတွေဟာ အဲ့ဒီဖမ်းသွားတဲ့ ၆ ယောက်ကိုပြန်လွှပေးဖို့ မြဝတီရဲစခန်းကိုဝိုင်းပတ်ပြီးဆန္ဒပြနေကြတယ်။
အခုတဖြေးဖြေးမှောင်လာနေပြီမို့လို့ အမှောင်ထုလွှမ်းသွားရင်ဘာတွေဖြစ်လာမလဲလို့မြဝတီမြို့ခံတွေကစိုးရိမ်မှုတွေဖြစ်နေတယ်။
BBC Burmese
No comments:
Post a Comment