ညစဉ် အင်တာနက်တွေဖြတ်တောက်ထားပြီး ဆန္ဒပြမှုတွေကို တချို့ဒေသတွေမှာ အကြမ်းဖက်ဖြိုခွင်းမှုတွေ ရှိနေပေမယ့်လည်း စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေက ဆက်လက်အင်အားကောင်းနေဆဲပါ။ မန္တလေး ရတနာပုံသင်္ဘောဆိပ်အနီးမှာ ဖေဖော်ဝါရီ ၂၀ ရက်က ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် အနည်းဆုံးလူ ၂ ဦးသေဆုံးပြီး လူ ၂၀ ထက်မနည်းဒဏ်ရာရခဲ့သလို လူ ၃၀ ခန့် ဖမ်းဆီးခံထားရတဲ့ မန္တလေးမှာလည်း ဒီနေ့ ၂ ငါးလုံးအထွေထွေသပိတ်နဲ့ စုရုံးဆန္ဒပြမှုတွေအားကောင်းနေတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။
၂ငါးလုံးရက်လို့ သတ်မှတ်ပြီး ဈေးဆိုင်တွေပိတ်ကာ မြို့လမ်းကြားနဲ့ ရပ်ကွက်တွေပါမကျန် ဆန္ဒပြစစ်ကြောင်းတွေ အသီးသီးထွက်ကြတာပါ။ စစ်ကြောင်းအများစုက ၇၈ လမ်းမကြီးနဲ့ လမ်း ၃၀ လမ်းမကြီးတလျှောက်မှာ စုပြီး ဘူတာကြီးရှေ့မှာ ဟောပြောပွဲတွေ ကဗျာရွတ်တာတွေပြုလုပ်နေပါတယ်။
BBC Burmese
မန္တလေးမှာ မြို့လုံးကျွတ် သပိတ် ဆင်နွှဲ
Reviewed by THITHTOOLWIN
on
18:32
Rating:
No comments:
Post a Comment